Connect with us

Videos

“တရုတ်နိုင်ငံသည် စည်းလုံးညီညွတ်မှုစိတ်ဓာတ် အားကောင်းခိုင်မာသည့်နိုင်ငံ” ဟု မြန်မာဆေးကျောင်းသားတစ်ဦး ဆို

နင်းရှ၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် ၇ နှစ် ကြာနေထိုင်လျက်ရှိသည့် မြန်မာနိုင်ငံမှ ဆေးကျောင်းသားတစ်ဦးက “တရုတ်နိုင်ငံသည် စည်းလုံးညီညွတ်မှုစိတ်ဓာတ် အားကောင်းခိုင်မာသည့်နိုင်ငံတစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ ပါထွမ်းမာ ဆိုသူ ကျောင်းသားတစ်ဦးသည် တရုတ်နိုင်ငံတွင် ၇ နှစ်ကြာနေထိုင်ခဲ့သည်။သူသည် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း နင်းရှ (ဟွေ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ နင်းရှ ဆေးတက္ကသိုလ်တွင် မဟာဘွဲ့တက်ရောက်လေ့လာသင်ယူနေသူဖြစ်သည်။

သူ၏ အမြင်တွင် တရုတ်နိုင်ငံသည် စည်းလုံးညီညွတ်မှုစိတ်ဓာတ် အားကောင်းပြီး အလွန်အင်အားတောင့်တင်းသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ သူသည် တရုတ်ဘာသာစကားကို လေ့လာနိုင်ပြီး တရုတ်နိုင်ငံအကြောင်း ကောင်းစွာနားလည်နိုင်ပြီး တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြောင်းအလဲများကို ပိုမို မြင်တွေ့လိုကြောင်း မျှော်လင့်နေသူဖြစ်သည်။

“ကျွန်တော့်နာမည်ကတော့ ပါထွမ်းမာ ပါ ။နင်းရှ ဆေးတက္ကသိုလ်ရဲ့ ၂၀၂၁ ခုနှစ် စာသင်နှစ် ဘွဲ့လွန် ကျောင်းသားပါ၊ ကျွန်တော် ဒီကိုရောက်ချိန်ကတည်းကစလို့ ၇ နှစ်တာကာလအတွင်းမှာ တရုတ်နိုင်ငံရဲ့ တိုးတက်ကောင်းမွန်မှုတွေကို အတော် လေးစားမိပါတယ်၊ (၂၀၂၁ ခုနှစ်) ရဲ့ နွေရာသီအားလပ်ချိန်မှာ ကျွန်တော်ဟာ နင်းရှမှာရှိတဲ့ Liupan တောင်ပေါ်က တပ်နီတော်စစ်ချီခရီးရှည်အထိမ်းအမှတ်ပြခန်း (Red Army Long March Memorial Hall) ကို သွားရောက်လည်ပတ်ခွင့်ရခဲ့တာ ဂုဏ်ယူစရာပါ၊ ဒါဟာ ကျွန်တော့်အနေနဲ့ ပထမဆုံး အကြိမ်တရုတ်နိုင်ငံရဲ့ စစ်ချီခရီးသမိုင်းကို သိခွင့်ရခဲ့တာ ဖြစ်ပါတယ်၊ တရုတ်ကွန်မြူနစ်ပါတီ (အဖွဲ့ဝင်တွေ) ရဲ့ ချို့ငဲ့စွာသုံးစွဲခဲ့တဲ့ အသုံးအဆောင်တွေကိုတွေ့မြင်ခဲ့ရပြီး သူတို့ရဲ့ စိတ်ဝင်စားဖွယ်ဇာတ်ကြောင်းတွေ နားထောင်ပြီး တဲ့အခါမှာတော့ ကျွန်တော်ဟာ တရုတ်ကွန်မြူနစ်ပါတီ (အဖွဲ့ဝင်တွေ) ရဲ့ အခက်အခဲတွေကို မကြောက်မရွံ့တဲ့စိတ်ဓါတ်တွေနဲ့ တော်လှန်ရေးအောင်ပွဲအတွက် စွန့်လွှတ်စွန့်စားခဲ့ရမှုတွေကို သမိုင်းကြောင်းတလျှောက် နက်နဲစွာ သိရှိနားလည်ခဲ့ရပါတယ်။ တရုတ်ကွန်မြူနစ်ပါတီ ဟာ တိုက်ပွဲ အောင်နိုင်ရေးအတွက် သူတို့ကိုဦးဆောင်လိမ့်မယ်လို့ စွဲမြဲစွာယုံကြည်ထားကြတဲ့ ပြည်သူတွေရဲ့ အကူအညီတွေ၊ ထောက်ပံ့မှုတွေမပါဘဲ တော်လှန်ရေး ဟာ အောင်မြင်မှာမဟုတ်ဘူးလို့ ဆရာတွေက ကျွန်တော်တို့ကိုရှင်းပြခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ်မှာတော့ တရုတ်နိုင်ငံဟာ မီးခိုးမထွက်လိုက်ရတဲ့ စစ်ပွဲတစ်ခုကိုကျော်လွှားနိုင်ခဲ့ပါတယ်။ ပြည်သူသာအဓိက မူဝါဒကိုစွဲကိုင်ခဲ့တဲ့ တရုတ်နိုင်ငံဟာ ကူးစက်ရောဂါကို အနိုင်ယူဖို့ ထိရောက်တဲ့အစီအမံ မြောက်များစွာနဲ့ ခုခံတိုက်ခိုက်နိုင်ခဲ့ပါတယ်။ တရုတ်နိုင်ငံက ပြည်သူတွေဟာ အစိုးရအပေါ် ကြီးမားစွာယုံကြည်မှုရှိပြီးတော့ ရောဂါ ကာကွယ်ရေးနဲ့ထိန်းချုပ်ရေးမူဝါဒတွေကို တက်ကြွစွာပူးပေါင်းပါဝင်ခဲ့ကြပါတယ်၊ ဒါဟာ စည်းလုံးညီညွတ်ရေးစိတ်ဓာတ်ဖြစ်ပြီး ဒီစိတ်ဓာတ်ကြောင့်လည်း တရုတ်နိုင်ငံက ရောဂါကို အလွန်လျင်မြန်စွာ ခုခံနိုင်ခဲ့တာဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ ပြင်းပြတဲ့ စိတ်ဓာတ်နဲ့ အင်အားတောင့်တင်းတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ကျွန်တော် ဒီမှာနေထိုင်ရတာ သိပ်ကိုပျော်ရွှင်ပါတယ်။ ကျွန်တော်အနေနဲ့ တရုတ်ဘာသာစကားကို လေ့လာနိုင်ပြီး တရုတ်နိုင်ငံအကြောင်း ကောင်းစွာနားလည်နိုင်ပြီး တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ အပြောင်းအလဲများကို ပိုမို မြင်တွေ့နိုင်မယ်လို့ မျှော်လင့်ပါတယ်။ တရုတ်နိုင်ငံကို ကျွန်တော် ချစ်ပါတယ်” ဟု ဆိုသည်။ (Xinhua)

…………………………
(English Version)
GLOBALink | China is a country with strong spirit of unity: Myanmar student
A Myanmar student who has lived in China for seven years said China is a country with a strong spirit of unity.
Pathuama, from Myanmar, has lived in China for seven years.
He is studying for his master’s degree at Ningxia Medical University in northwest China’s Ningxia Hui Autonomous Region.
In his eyes, China is a country with a strong spirit of unity and is very powerful. He hopes he can learn Chinese and understand China well, and witness more of its development and changes.
SOUNDBITE (English): PATHUAMA, Myanmar student from Ningxia Medical University
“I am Pathuama, a postgraduate student of the 2021 batch at Ningxia Medical University. I have been deeply impressed by the charm of China, although it is only seven years since my arrival.
In the summer vacation (of 2021), I was honored to visit the Red Army Long March Memorial Hall in Liupan Mountain in Ningxia. It was the first time for me to know the history of China’s Long March. Looking at the humble items used by the Communist Party of China (members) and their touching stories, I was deeply moved and felt like a historical witness, seeing the scene that the Communist Party of China (members) were not afraid of difficulties and sacrificed to win the revolutionary victory.
The teacher told us that the victory of the revolution cannot be achieved without the help and support of the people, who firmly believed that the Communist Party of China will lead them to victory.
In 2020, China went through a war without smoke. Adhering to the principle of people first, China has taken a series of effective measures to defeat the epidemic. Chinese people have great trust in the government and actively cooperated with epidemic prevention and control policies. It was the spirit of unity that enabled China to defeat the epidemic very quickly.
China is a country with a strong spirit and very powerful. I’m very happy to live here. I hope I can learn Chinese and understand China well, and witness more of its development and changes. I love China.”
Produced by Xinhua Global Service