Connect with us

Videos

တရုတ်နိုင်ငံသုံး ယွမ်ငွေ က ကမ္ဘာအနှံ့အသိအမှတ်ပြုခံရသည့် အခြေအနေသို့ရောက်ရှိ

ပေကျင်း ၊ ဇူလိုင် ၁၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသုံးငွေကြေးဖြစ်သော ယွမ်ငွေ သည် ယခုအခါကမ္ဘာ အနှံ့အသိအမှတ်ပြုခံရသည့် အခြေအနေသို့ရောက်ရှိလာခဲ့ကြောင်းသိရသည်။ ကမ္ဘာ့ငွေကြေးဈေးကွက်တွင်အမေရိကန်ဒေါ်လာငွေ၏ လွှမ်းမိုးနိုင်မှုက တန့်နေခဲ့သော်ငြားလည်း လွန်ခဲ့သောဆယ်နှစ်ကတည်းက ယွမ် ငွေသည် ကမ္ဘာ့ငွေကြေး ဈေးကွက်၏ သုည ဒသမ ၀၂ ရာခိုင်နှုန်းသာရှိခဲ့ရာမှ ယခုအခါ ခုန်ပျံကျော်လွှားတိုးတက် လာခဲ့ခြင်းလည်း ဖြစ်ကြောင်းတွေ့ရပေမည်။

ယွမ်ငွေသုံးစွဲမှုပမာဏ ကမ္ဘာ့ပင်လယ်ရပ်ခြားအနှံ့တွင် လျှင်မြန်စွာတိုးတက်လာမှုများ၊နိုင်ငံတကာကုန် သွယ်ရေးတွင် ယွမ်ငွေကိုကျယ်ပြန့်စွာအသုံးပြုလာမှုများ၊သာမန်ငွေကြေးတစ်ရပ်အနေနှင့်သာမကအရံ ငွေကြေးတစ်ရပ်အဖြစ်ပါရပ်တည်လာနိုင်မှုများ ကိုတွေ့ရှိခဲ့ရသည်။

ရန်မင်တက္ကသိုလ်(Renmin University) ၌ ကျင်းပသော နိုင်ငံတကာငွေကြေးဆိုင်ရာဖိုရမ်က ၂၀၁၉ခုနှစ်တွင်ထုတ် ပြန်ခဲ့သော အစီရင်ခံစာတစ်ရပ်အရ ယွမ်ငွေအားနိုင်ငံတကာက လက်ခံအသုံးပြုမှုအညွှန်းကိန်း(RII) သည် ၂၀၁၈ ခုနှစ်အကုန်တွင် ၂ ဒသမ ၉၅ ရာခိုင်နှုန်း ရှိလာခဲ့ကြောင်းကမ္ဘာ့ငွေရေးကြေးရေးအသုံးပြုမှု၌ ယွမ်ငွေ၏ပါဝင်မှုဝေစုကို ယွမ်ငွေတိုးတက်မှုလမ်းကြောင်းအားလေ့လာပါကတွေ့မြင်နိုင်သည်။

နိုင်ငံတကာငွေရေးကြေးရေးဆိုင်ရာအရောင်းအဝယ်အေဂျင်စီတစ်ခုဖြစ်သော SWIFT ကထုတ်ပြန်ခဲ့ သည့်အခြားအစီရင်ခံစာတစ်ရပ်တွင်လည်း မေလတွင်ကမ္ဘာ့ငွေကြေးဆိုင်ရာပေးချေမှုများ၌ ယွမ်ငွေ ပါဝင်မှုပမာဏက ၁ ဒသမ ၉၅ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်းဖေါ်ပြခဲ့သည်။

တည်ငြိမ်သောနိုင်ငံစီးပွားရေးတိုးတက်မှုက ယွမ်ငွေ၏အင်အားခိုင်မာမှုကိုလည်းအထောက်အကူဖြစ် စေမည်ဖြစ်ကာ ကမ္ဘာ့ကုန်သွယ်ရေးပြုလုပ်နေကြသူများအား ပိုမို၍ဆွဲဆောင်မှုလည်းပြုလုပ်နိုင်လိမ့် မည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.