Connect with us

Videos

ရုရှား၏ S-400 လေကြောင်းရန်ကာကွယ်ရေးစနစ် အစိတ်အပိုင်းများ တူရကီနိုင်ငံသို့ရောက်ရှိ

အန်ကာရာ၊ ဇူလိုင် ၁၄ ရက်(ဆင်ဟွာ)

ကမ္ဘာပေါ်တွင်နည်းပညာအမြင့်ဆုံးလည်းဖြစ်သည့် S-400 လေကြောင်းရန်ကာကွယ်ရေးစနစ် အစိတ် အပိုင်းများကို ရုရှားစစ်လေယာဉ်သုံးစီးဖြင့် အန်ကာရာမြို့၏အနောက်မြောက်ဘက် အစွန်အဖျားပိုင်း တွင်ရှိသော Murted လေတပ်အခြေစိုက်စခန်းသို့ ပထမဆုံးအသုတ်အဖြစ်ရောက်ရှိလာကြောင်း တူရ ကီအစိုးရကာကွယ်ရေးဝန်ကြီးဌာနမှထုတ်ပြန်သောကြေညာချက်တွင်ဖေါ်ပြခဲ့သည်။

ကြေညာချက်တွင်တူရကီအနေနှင့် S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်ပထမအသုတ်အားလက် ခံရရှိခဲ့ကြောင်း၊ရုရှားထံမှပေးပို့မှုများက Murted လေတပ်အခြေစိုက်စခန်းသို့ရောက်ရှိလာခဲ့ကြောင်း၊ ယခုရက်ပိုင်းအတွင်းကျန်ရှိအစိတ်အပိုင်းများဆက်လက်ရောက်ရှိလာမည်ဟုမျှော်လင့်ရကြောင်း ဖေါ်ပြ ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.