Connect with us

Videos

တရုတ်နိုင်ငံ တွင် တိုင်ဖွန်း ဆူဒ်လာ တိုက် ခတ်မှုကြောင့် သေဆုံးသူ ဦးရေ ၁၄ ဦးအထိရှိ

ဟန်ကျိုး၊ သြဂုတ် ၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲကျန်းပြည်နယ် တွင်ယခုနှစ်အတွင်း (၁၃) ကြိမ်မြောက် ဝင်ရောက်လာသော ဆူဒ်လာ တိုင်ဖွန်းမုန်တိုင်းကြောင့် သေဆုံးသူဦးရေ ၁၄ ဦးအထိရှိလာနေပြီး ၄ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသဆိုင်ရာ အစိုးရက တနင်္ဂနွေနေ့ က သတင်းထုတ်ပြန်ခဲ့ပါသည်။ ဝိမ်းကျိုး သည် ဘေးဒဏ်ခံရမှု အများဆုံး မြို့ဖြစ် ပြီး အဆိုပါ မြို့တွင် သေဆုံးသူစုစုပေါင်း ၁၂ ဦး ရှိ ကာ ၄ ဦးပျောက်ဆုံးနေခြင်းဖြစ်ပြီး အဆိုပါမြို့အနီးရှိ လီဆွေမြို့တွင် သေဆုံးသူ ၂ ဦးရှိနေပြီဖြစ်ပါသည်။
အဆိုပါ တိုင်ဖွန်းမုန်တိုင်း ပြင်းထန်စွာတိုက်ခတ် ခြင်းကြောင့် ပြီးခဲ့တဲ့ ၂ ရက် ကျော်ကျော်အတွင်း တရုတ်နိုင်ငံ ပြည်နယ်အများစုထံသို့ မိုးရေချိန် မီလီမီတာ ၇ဝဝ အထိ ရွာသွန်းခဲ့ ပြီး နှစ်ပေါင်း ၁၂၀ အတွင်း စံချိန်သစ်တင်ခဲ့ပါသည်။
တနင်္ဂနွေနေ့ နေ့လည် အထိ လူပေါင်း ၁.၅၈ သန်းမုန်တိုင်းဒဏ်သင့် ခဲ့ပြီး ကျဲ့ကျန်းပြည်နယ် မှ လူပေါင်း ၁၈၈,၄၀ဝ အားနေရာ ရွေ့ပြောင်းပေးခဲ့ရပါသည်။ အဆိုပါ မုန်တိုင်းကြောင့် လူနေအိမ် ၂၂၃ လုံး၊ လမ်းပေါင်း ၂၇၂ လမ်း နှင့် သီးနှံစိုက်ဧက ဟက်တာပေါင်း ၄၃၆၀၀ တို့ ပျက်စီးခဲ့ပြီး တရုတ်ယွမ်ငွေ ၄ ဘီလီယံ (အမေရိကန်ဒေါ်လာ ၆၄၄) သန်းခန့် ပျက်စီးဆုံးရှုံးခဲ့ပါသည်။ မုန်တိုင်း ဒဏ်ကြောင့် လျှပ်စစ်ဓါတ်အားများလည်း ပြတ်တောက်ခဲ့ပြီး အရေးပေါ် ပြင်ဆင်မှုတွေဆောင်ရွက်ခဲ့ ရကြောင်းလည်းသိရသည်။
ဒေသဆိုင်ရာ အာဏာပိုင်များမှလည်းမုန်တိုင်းဒဏ်အဆိုးဆုံးခံရသော နေရာများသို့ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အဓိက စေလွှတ်နေကြပြီဖြစ်ပါသည်။ ဝိမ်းကျိုး တစ်မြို့ထဲတွင်ပင် ကယ်ဆယ်ရေးဆောင်ရွက်သူပေါင်း ၅၀၀၀၀ လောက် အား ဘေး
ဒါဏ်သင့်ဒေသများသို့စီမံခန့်ခွဲ ရန်စေလွှတ်ထားရှိနေပြီးဖြစ်ပါသည်။
တိုင်ဖွန်း ဆူဒ်လာ သည် ပြီးခဲ့သည့် သြဂုတ်လ (၇) ရက်နေ့က စပြီး တရုတ်နိုင်ငံကို ဝင်ရောက်ခဲ့ပြီး ထိုင်ဝမ်၊ ဖူကျန့်၊ ကျဲကျန်း၊ကျန်းရှီ နှင့်အန်းဟွေး စသည့်ဒေသများကို ဖြတ်ကျော်တိုက်ခတ်ပြီးနောက် အနောက်မြောက်ဘက် ပစိဖိတ်သမုဒ္ဒရာရှိ စိုင်ပန်ကျွန်းသို့ ဆက်လက်ရွေ့လျားသွားကြောင်း သိရပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.