Videos
တရုတ်နိုင်ငံ မှ အီတလီနိုင်ငံသို့ ဆေးဝါးအထောက်အပံ့ ၉ တန် ခန့် ပို့ဆောင်
ကျဲ့ကျန်း၊ မတ် ၁၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ကျဲ့ ကျန်းပြည်နယ် မှ အီတလီနိုင်ငံသို့ ကိုရိုနာ ဗိုင်းရပ်စ်တိုက်ဖျက်ရန်အထောက်အပံ့ဖြစ်စေမည့် ဆေးဝါး အထောက်အပံ့ ပစ္စည်းတန်ချိန် ၉ တန်ခန့် ပို့ဆောင်ခဲ့ကြောင်းသိရသည်။ ဆေးဝါးအထောက်အပံ့များတွင် အသက်ရှုစက်များ၊ နှလုံးခုန်နှုန်းစောင့်ကြည့်စက်များ၊ ဆေးသွင်းစက်များ၊ အသေးစား ultrasound စက်များ နှင့် ရောဂါရှိမရှိစစ်ဆေးနိုင်သည့်ကိရိယာ အခုရေ ၆သောင်းပါဝင်သည်။ ကျဲ့ကျန်းမှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူ ၁၂ ဦး ပါဝင်သည့်အဖွဲ့သည်လည်း အီတလီနိုင်ငံသို့ မတ် ၁၇ ရက်က ထွက်ခွါခဲ့ကြသည်။ ထိုအဖွဲ့သည့် ဆေးဝါး အထောက်အပံ့ ပစ္စည်းများနှင့် တစ်ရက်တည်းတွင် အီတလီနိုင်ငံသို့ရောက်ရှိမည်ဖြစ်သည်။ လက်ရှိအချိန်အထိ ကျဲ့ကျန်းပြည်နယ်မှ အီတလီနိုင်ငံသို့ ဆေးနှင့် ဆေးဘက်ဆိုင်ရာအထောက်အပံ့ပစ္စည်းတန်ချိန်ပေါင်း ၃၅.၄ တန်ကို ပို့ဆောင်လှူဒါန်းခဲ့ပြီးဖြစ်သည်။ (Xinhua)