Connect with us

Videos

ဝူဟန့်မြို့သို့ ရောက်ရှိနေသည့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများ၏ အိမ်အပြန်ခရီး

ဝူဟန့်၊ မတ် ၁၈ ရက် (ဆင်ဟွာ) 

တရုတ်နိုင်ငံ ဟူပေပြည်နယ် ဝူဟန့်မြို့တွင် ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေး လာရောက်ကူညီကြသည့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများမှာ တာဝန်များပြီးဆုံး၍ မတ် ၁၇ ရက်တွင် ဋ္ဌာနေသို့ပြန်ခဲ့ကြပြီဖြစ်သည်။ ဆန်ရှီးပြည်နယ်မှ ဆေးဘက်ဆိုင်ရာဝန်ထမ်းစုစုပေါင်း ၄၃ ဦးသည် ယာယီဆေးရုံမှ အိမ်အပြန်ခရီးကိုစတင်ခဲ့ကြခြင်းဖြစ်သည်။ ၎င်းတို့မှာ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရန်ဝူဟန့်မြို့တွင် ၄၃ ရက်ကြာ နေထိုင်ခဲ့ကြပြီးလူနာပေါင်း ၁,၂၀၀ ကျော်ကို ကုသပေးခဲ့ကြပြီးနောက် ရောဂါအခြေအနေများပျောက်ကင်းသက်သာလာကြချိန်တွင် အိမ်သို့ပြန်ခွင့်ရရှိခဲ့ကြသည်။

ဆန်းရှီးဒေသမှ ဆေးဘက်ဆိုင်ရာဝန်ထမ်း တစ်ဦးဖြစ်သည့် Cui Yaqing က “အင်း ကျွန်တော် နည်းနည်းတော့ ခံစားရတာပေါ့ တစ်ဖက်ကကြည့်ရင်တော့ ကျွန်တော်တို့ တာဝန်တွေ ပြီးဆုံးသွားပြီဆိုတော့ အိမ်ပြန်ရမယ်ဆိုတော့ စိတ်လှုပ်ရှားတာပေါ့လေ အခြားတစ်ဖက်က ကြည့်ရင်တော့လည်း ဝူဟန့်က တော်တော်ခက်ခဲတဲ့အချိန်တွေကို ဖြတ်ကျော်နိုင်ခဲ့လို့ ခံစားရပါတယ် ဒါပေမဲ့ ကျွန်တော်တို့ နိုင်ငံက အခက်အခဲတွေကို အတူ ရင်ဆိုင်ကျော်ဖြတ် နိုင်ခဲ့ကြပါတယ်ဗျာ ဝူဟန့်ပြည်သူတွေက တကယ့်ကို သူရဲကောင်းတွေပါပဲ” ဟု ဆိုသည်။ 

ဝူဟန့်မြို့သည် တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကို ဆိုးဝါးစွာခံစားခဲ့ရသည့် မြို့ဖြစ်သည်။ တရုတ်နိုင်ငံ တစ်ဝန်းလုံး မှ ဆေးဘက်ဆိုင်ရာအကူဝန်ထမ်းပေါင်း ၄သောင်း က ဝူဟန့်မြို့သို့လာရောက်ကူညီခဲ့ကြသည်။  (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.