Connect with us

Videos

တရုတ်နိုင်ငံ ရှိ နန်းတော်ပြတိုက် အား နှစ် (၉ဝ) ပြည့်အထိမ်းအမှတ်အဖြစ် ပိုမိုတိုးချဲ့ဖွင့်လှစ်သွားမည်

ပေကျင်း၊ အောက်တိုဘာ ၁၃ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်း မြို့ရှိ (Forbidden City) ခေါ် ဘုရင်ဧကရာဇ် နန်းတော်ဟောင်းအား အများပြည်သူကြည့်ရှုနိုင်သော အမျိုးသားပြတိုက်အဖြစ်ပြသခြင်း နှစ် (၉ဝ) ပြည့်အထိမ်းအမှတ်အဖြစ် နန်းတော်အား ပြည်သူများပိုမို လေ့လာကြည့်ရှုနိုင်ရန်အတွက် နေရာများစွာကိုထပ်မံ တိုးချဲ့ပြီး ရှေးဟောင်းအဖိုးတန်ပစ္စည်းများကို ပိုမိုပြသသွားမည်ဖြစ်သည်။

အဆိုပါ ပြတိုက်တွင် ဘုရင်ဧကရာဇ် ၏ မယ်တော် နေထိုင်ခဲ့သော စံအိမ်တော် အပါအဝင် နေရာ (၄) ခုအား ပြည်သူများလေ့လာရန်အတွက် ထပ်မံ တိုးချဲ့ဖွင့်လှစ်မည်ဖြစ်ရာ နန်းတော်ဝင်းတစ်ခုလုံး၏ ၆၅ ရာခိုင်နှုန်းကို ပြည်သူများဝင်ရောက်လေ့လာခွင့်ရမည် ဟု ပြတိုက်ကြေညာချက်တွင်ဖော်ပြထားသည်။

အဆိုပါ နန်းတော်ပြတိုက် တွင် နန်းတွင်းသုံး ပစ္စည်းစုစုပေါင်း ၁.၈ သန်းကျော်ခန့်အား တစ်စုတစ်စည်းတည်း မြင်တွေ့ရမည်ဖြစ်ပြီး ၎င်းတို့ထဲတွင် ရှေးဧကရာဇ်တို့၏ အသုံးအဆောင်ပစ္စည်းများ နှင့်ရှေးခေတ်စာပေမှတ်တမ်းများပါ ပါဝင်သည်။

ပေကျင်း၏ မြို့လည်ခေါင်တွင်တည်ရှိသော အဆိုပါ နန်းတော်ပြတိုက်သည် မင်မင်းဆက်နှင့် ချင်မင်းဆက်ဘုရင်များ နန်းစံခဲ့သော နန်းတော်တစ်ခုလည်းဖြစ်သည်။
၁၉၂၅ ခုနှစ်တွင် တရုတ်နိုင်ငံ ဗဟိုအစိုးရ က နန်းတော်အတွင်းရှိ ရှေးခေတ် အသုံးအဆောင်ပစ္စည်းများအား စာရင်းပြုစုရန်အတွက် အထူးကော်မတီတစ်ခုအားဖွဲ့စည်းခဲ့သည်။ ထိုနှစ် အောက်တိုဘာလ ၁ဝ ရက်နေ့တွင် အဆိုပါ နန်းတော်အားပြတိုက်အဖြစ်စတင်ဖွင့်လှစ်ခဲ့သည်။
The forbidden city သည် တရုတ် ဧကရာဇ် တို့၏ နန်းတော်ဖြစ်ပြီး တော်ဝင် မိသားစုများသည် နှစ် ၅၀၀ တိုင်အောင်ပင် ယင်းအဆောက်အဦးတွင် စံမြန်းနေထိုင်ခဲ့ကြကာ တရုတ်မင်းဆက်များ အရေးပါသည့် ပွဲလမ်းသဘင်များ ကျင်းပရာနေရာ၊ နိုင်ငံရေးဆိုင်ရာ အချက်အချာ ဌာန အဖြစ် တည်ရှိခဲ့သည်။
တရုတ်ဗိသုကာ လက်ရာ၏ စံနမူနာဖြစ်ပြီး ၁၉၃၇ ခုနှစ်တွှင် ယူနက်စကိုမှ ကမ္ဘာပေါ်တွင် ရှေးအကျဆုံး ပျဉ်ထည် အဆောက်အဦး အစုအဖွဲ့အဖြစ် မှတ်တမ်းတင်ကာ ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ကြေညာခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.