Connect with us

Videos

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်းဒေသတွင် နယ်ခြားစောင့်တပ်များ အပြင်းအထန်လေ့ကျင့်ရေးဆင်း

ရှင်းကျန်း၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) ဘာသာပြန်နှင့် ရုပ်သံတည်းဖြတ်/စုဝင့်

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း(ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Altay စီရင်စုတွင် အမြင့် ၃,၈၃၅ မီတာရှိသော ရေခဲတောင်များတည်ရှိသည်။ ထိုဒေသတွင် တာဝန်ထမ်းဆောင်နေသည့် နယ်ခြားစောင့်တပ်များသည် အပူချိန် အနုတ် ၃၅ ဒီဂရီ စင်တီဂရိတ်ရှိသည့် အလွန်အေးခဲ့သော ရာသီဥတု၌ပင် လေ့ကျင့်ရေးကို မပျက်မကွက်လုပ်ဆောင်နေကြပုံကို ရိုက်ကူးထားခြင်းဖြစ်ပါသည်။

တပ်သားတစ်ဦးက “ဒီဒေသဟာ တစ်နှစ်ပတ်လုံးဆိုသလို ရေခဲတွေနဲ့ နှင်းခဲတွေနဲ့ဖုံးလွှမ်းနေတာပါ၊ ကျွန်တော်တို့က နေ့စဉ် မနက် ၈ နာရီမှာအိပ်ရာထရပြီးတော့ ကင်းလှည့်ရပါတယ်။ ကျွန်တော်တို့က နယ်စပ်မှာ တစ်လကို ၂၇ ရက် ကင်းလှည့်ရပါတယ်၊ ဒါကြောင့် အအေးဒဏ်ခံနိုင်အောင် အားလပ်ချိန်တွေမှာ လေ့ကျင့်ခန်းတွေလုပ်ရပါတယ်” ဟုဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.