Videos
တရုတ်နိုင်ငံ အရှေ့ပိုင်းရှိ မိုင်းတွင်း ပြိုကျမှုတစ်ခုဖြစ်ပွား
ကျီးနန်၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့ပိုင်း၊ ရှန်ဒေါင်းပြည်နယ်၊ ဖျင်ဂျီး ခရိုင် ရှိ ကျောက်သလင်း (Gypsum) မိုင်းတွင်း တစ်ခု ဒီဇင်ဘာလ ၂၅ ရက် နေ့ မနက် ၈နာရီခန့် အချိန်တွင် ပြိုကျမှုကြောင့် မြေအောက် လုပ်ငန်းခွင်၌ ပိတ်မိနေသော အလုပ်သမား စုစုပေါင်း ၂၉ ဦးအနက် အလုပ်သမား ၁၀ ဦးအား ယင်းနေ့တွင်ပင် ကယ်ဆယ်နိုင်ခဲ့ပြီး ဒီဇင်ဘာလ ၂၆ ရက် နံနက်ပိုင်းတွင် ကျောက်တုံးကြီးများ အောက်တွင် ခြေထောက် ပိမိနေသော သတ္တုတွင်း အလုပ်သမားအား တစ်နာရီကြာ ခက်ခက်ခဲခဲ ကြိုးစား ကယ်တင်နိုင်ခဲ့သည်။
မတူညီသော နေရာ နှစ်ခုရှိ ပိတ်မိနေသည့် အလုပ်သမား ၁၈ ဦးအား ဆက်လက် ကယ်တင်ရန် ကျန်ရှိနေပါ သေးသည်။ ဥမင် လိုဏ်ခေါင်းမှာ ပြိုကျနေခြင်းနှင့် ကျောက်တုံးများ ပြုတ်ကျခြင်းများ ဆက်လက် ဖြစ်ပွားနေခြင်း များကြောင့် ကယ်ဆယ်ရေး လုပ်ငန်းများက နှောင့်နှေး နေရကြောင်း ကယ်ဆယ်ရေး အဖွဲ့မှ ကျွမ်းကျင်သူက ပြောသည်။ မိုင်းတွင်း ပြိုကျရခြင်း အကြောင်းရင်းကိုမူ စုံစမ်း စစ်ဆေးနေဆဲ ဖြစ်သည်။
တရုတ်နိုင်ငံ ငလျင် ကွန်ရက် စင်တာ၏ တရားဝင် မိုက်ခရိုဘလော့ အရ ဖျင်ဂျီး ခရိုင်တွင် ပြင်းအား ရစ်ချ်စတာ စကေး ၄ ပမာဏ ရှိသော ငလျင်တစ်ခု လှုပ်ခတ်သွားခြင်းကြောင့် မိုင်းတွင်း ပြိုကျရခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။ (Xinhua)