Connect with us

Videos

ရှန်းကျန့် မြေပြိုမှုမှာ သဘာဝဘေးကြောင့် မဟုတ်ဘဲ လူတို့၏ ပယောဂကြောင့် ဟုဆို

ရှန်းကျန့်၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ)

လူဦးရေ ဒါဇင်ပေါင်းများစွာ ပျောက်ဆုံးခဲ့ရသည့် တရုတ်နိုင်ငံ တောင်ပိုင်း ရှန်းကျန့်မြို့ လုပ်ငန်းခွင်၌ ဖြစ်ပွားခဲ့ သော မတော်တဆမှုသည် သဘာဝ ပထဝီမြေ အနေအထားကြောင့် ဖြစ်ပွားရခြင်း မဟုတ်ကြောင်း တရုတ် နိုင်ငံ အစိုးရ စုံစမ်း စစ်ဆေးရေး အဖွဲ့က ဒီဇင်ဘာလ ၂၅ ရက်တွင် အတည်ပြု ပြောကြားလိုက်သည်။

ယင်းဖြစ်ရပ်မှာ အခြားသော သဘာဝ ပထဝီမြေ အကြောင်းအရင်းကြောင့်ထက် ထိုနေရာတွင် ဆောက်လုပ်ရေး လုပ်ငန်းသုံး စွန့်ပစ် ပစ္စည်းများစွာ စုပုံ စွန့်ပစ်မှုကြောင့် ဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေး အဖွဲ့ သတင်းထုတ်ပြန် ချက်တွင် ပြောကြားထားသည်။

နိုင်ငံတော် အဆင့် လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေး စီမံခန့်ခွဲမှုအဖွဲ့ က စုံစမ်းစစ်ဆေးမှုတွေကို အလျင်အမြန် စတင်မှာဖြစ်ကြောင်း၊ မတော်တဆမှုမှာ တာဝန်ရှိသူတွေကို တရားဥပဒေနဲ့ အညီ ပြင်းပြင်းထန်ထန် အပြစ်ပေးသွားမှာဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရှန်းကျန့် အိုးအိမ်နှင့် မြို့ပြ-ကျေးလက် ဖွံ့ဖြိုးမှု ဗျူရို အကြီးအကဲ Yang Shengjun က အဆိုပါ စက်မှုမြို့အ တွင်း နေရာ သုံးခု၌လည်း မြေပြိုမှု ဖြစ်နိုင်ခြေရှိသည့် နေရာများ ကျန်ရှိနေသေးကြောင်း၊ ဖော်ထုတ်စစ်ဆေးဖို့လိုတဲ့ အန္တရာယ်ရှိ ဓာတု ပစ္စည်းများ ရှိနေသေး ကြောင်း နှင့် ယင်းကို အသေအချာ ကိုင်တွယ် ဖြေရှင်းသင့်ကြောင်း ပြောခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.