Connect with us

Videos

တရုတ် နိုင်ငံ က အခမဲ့ ခွဲစိတ်ကုသပေးသည့် “၂၀၁၈ ခုနှစ် မြန်မာ နိုင်ငံ အလင်းရောင် ခရီးစဉ်” လှုပ်ရှားမှု စတင်ကျင်းပ

ရန်ကုန် ၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ကူမင်း ဆေးဘက်ဆိုင်ရာ တက္ကသိုလ် အမှတ်(၂) ဆေးရုံ မှ ဆရာဝန် များ မှ မြန်မာ နိုင်ငံ ရှိ မျက်စိ အတွင်းတိမ် လူနာ များအား အခမဲ့ ခွဲစိတ်ကုသမှု ဆောင်ရွက်ပေးသည့် “၂၀၁၈ ခုနှစ် မြန်မာ နိုင်ငံ အလင်းရောင် ခရီးစဉ်” လှုပ်ရှားမှု ကို စက်တင်ဘာ လ ၂၀ ရက် နံနက်ပိုင်း တွင် ရန်ကုန်မြို့ရှိ သီတဂူ ရွှေပြည်ဟိန်း စက္ခုဒါန ကုသိုလ်ဖြစ် ဆေးရုံကြီး တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

“၂၀၁၈ ခုနှစ် မြန်မာ နိုင်ငံ အလင်းရောင် ခရီးစဉ်” လှုပ်ရှားမှု ဖွင့်ပွဲ အခမ်းအနား တွင် တရုတ် နိုင်ငံ ကူမင်း ဆေးဘက်ဆိုင်ရာ တက္ကသိုလ် မျက်စိ အတွင်းတိမ် ကုသရေး အဖွဲ့ ခေါင်းဆောင် မစ္စတာ ကျန်းယွမ်ဖိန် (Mr.Zhang Yuanping) က ယခု အကြိမ် အလင်းရောင် ခရီးစဉ် လှုပ်ရှားမှု တွင် မျက်စိ အတွင်းတိမ် လူနာ များအား ခွဲစိတ် ကုသမှု ဆောင်ရွက်ပေးမည့် အပြင် မြန်မာ နိုင်ငံ ရှိ ဆရာဝန် များနှင့် ခွဲစိတ်ကုသမှု ဆိုင်ရာ အတွေ့အကြုံ နှင့် နည်းပညာပိုင်း ဆိုင်ရာ ကိစ္စရပ်များ ကိုလည်း ဖလှယ် သွားမည် ဖြစ်ကြောင်း ၊ အနာဂတ် တွင်လည်း မြန်မာ နိုင်ငံ တွင် မျက်စိ အတွင်းတိမ် လူနာများ အပြင် အခြား မျက်စိ ဝေဒနာ ရောဂါ ရှိသူများကိုလည်း ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးသွား ဖွယ်ရှိကြောင်း ပြောကြား ခဲ့သည်။

ဝိသာခါ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာ စုလှဟန် က ယနေ့ ပြုလုပ်သည့် အခမ်းအနား မှာ ဝိသာခါ ဖောင်ဒေးရှင်း နှင့် တရုတ် နိုင်ငံ ကူမင်း ဆေးဘက်ဆိုင်ရာ တက္ကသိုလ် တို့ ပူးပေါင်းဆောင်ရွက် သည့် ဒုတိယ အကြိမ်မြောက် အလင်းရောင် ခရီးစဉ် လှုပ်ရှားမှု ဖြစ်ကြောင်း ၊ ဝိသာခါ ဖောင်ဒေးရှင်း အနေဖြင့် သီတဂူ ရွှေပြည်ဟိန်း စက္ခုဒါန ကုသိုလ်ဖြစ် ဆေးရုံကြီး တွင် အတွင်းတိမ် ခွဲစိတ် ကုသမှုပေါင်း ၆ ကြိမ် ပူးပေါင်းဆောင်ရွက်ပေးခဲ့ပြီး လူနာပေါင်း ၈၅၀ ကျော် ကို အောင်မြင်စွာ ခွဲစိတ် ကုသပေးနိုင်ခဲ့ကြောင်း ၊ ဆက်လက်၍လည်း ကျန်းမာရေး ကဏ္ဍ ကူညီလှုပ်ရှားမှု အနေဖြင့် ပြည်တွင်း/ပြည်ပ မှ အဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့နောက် တွင် တရုတ် နိုင်ငံ ကူမင်း ဆေးဘက်ဆိုင်ရာ တက္ကသိုလ် မျက်စိ အတွင်းတိမ် ကုသရေး အဖွဲ့ က သီတဂူ ရွှေပြည်ဟိန်း စက္ခုဒါန ကုသိုလ်ဖြစ် ဆေးရုံကြီး ထံသို့ အမေရိကန် ဒေါ်လာ ၃,၀၀၀ ပေးအပ်လှူဒါန်း ခဲ့ပြီး သီတဂူ ရွှေပြည်ဟိန်း စက္ခုဒါန ကုသိုလ်ဖြစ် ဆေးရုံကြီး မှ ဦးဆောင်ဆရာတော် အရှင်ခေမာသီရိလင်္ကာရ က ကျေးဇူးတင် စကား ပြန်လည် မိန့်ကြားခဲ့သည်။

ရန်ကုန်မြို့ရှိ သီတဂူ ရွှေပြည်ဟိန်း စက္ခုဒါန ကုသိုလ်ဖြစ် ဆေးရုံကြီး တွင် ကျင်းပပြုလုပ် သော “၂၀၁၈ ခုနှစ် မြန်မာ နိုင်ငံ အလင်းရောင် ခရီးစဉ်” လှုပ်ရှားမှု အစီအစဉ် အား တရုတ် နိုင်ငံ ယူနန် ပြည်နယ် အစိုးရ ၊ ယူနန် ပြည်နယ် စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဌာန ၊ သီတဂူ ရွှေပြည်ဟိန်း စက္ခုဒါန ကုသိုလ်ဖြစ် ဆေးရုံကြီး နှင့် ဝိသာခါ ဖောင်ဒေးရှင်း တို့ က ပူးပေါင်း ဆောင်ရွက် ခဲ့ခြင်း ဖြစ်ပြီး တရုတ် နိုင်ငံ ကူမင်း ဆေးဘက်ဆိုင်ရာ တက္ကသိုလ် အမှတ်(၂) ဆေးရုံ မှ တာဝန်ယူ ဆောင်ရွက်ပေး သည့် အစီအစဉ် တစ်ခု ဖြစ်သည်။

ယခု အကြိမ် အလင်းရောင်ခရီးစဉ် လှုပ်ရှားမှု က တရုတ် နိုင်ငံ ကူမင်း ဆေးဘက်ဆိုင်ရာ တက္ကသိုလ် နှင့် ဝိသာခါ ဖောင်ဒေးရှင်း တို့ မှ ပူးပေါင်းဆောင်ရွက် သည့် ဒုတိယ အကြိမ်မြောက် အခမဲ့ မျက်စိ အတွင်းတိမ် ခွဲစိတ်ကုသမှု ဖြစ်ပြီး အတွင်းတိမ် လူနာ စုစုပေါင်း ၁၂၀ ဦး အား စက်တင်ဘာ ၂၀ ရက် နှင့် ၂၁ ရက် တွင် ခွဲစိတ်ကုသပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.