Connect with us

Videos

အလေးချိန် ၁၄ဝဝဝ တန်ရှိ မြန်နှုန်းမြင့်ရထားလမ်းတံတားအစိတ်အပိုင်းကို လွှဲယမ်းတပ်ဆင်

ဟူပေ၊ စက်တင်ဘာ ၂၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံဟူပေပြည်နယ်တွင် မြန်နှုန်းမြင့်ရထားလမ်း၏ ဥမင်လှိုဏ်ခေါင်းနှင့်ချိတ်ဆက်မည့် တံတားပိုင်း ကြီးတစ်ခုကို လွှဲယမ်းတပ်ဆင်သည့် စနစ်ဖြင့် တပ်ဆင်ဆောက်လုပ်လျက်ရှိသည်။ အဆိုပါ လွှဲယမ်းတပ်ဆင်သည့် တံတားအစိတ်အပိုင်းမှာ ၁၆၁ မီတာ အရှည်ရှိပြီး အလေးချိန်အားဖြင့် တန်ချိန်ပေါင်း ၁၄ဝဝဝ တန်ရှိသည်။ အဆိုပါရထားလမ်းကို ဟူပေပြည်နယ်အတွင်းချိတ်ဆက်သွားလာရန်အဓိကထား ဖောက်လုပ်ခြင်းဖြစ်ပြီးဝူဟန်နှင့်ရှီးယန်ကို ချိတ်ဆက်ပေးမည်ဖြစ်သည်။ ယခုဆောက်လုပ်လျက်ရှိသည့်အပိုင်းမှာ ဟန်ကျန်းမြစ် ကိုဖြတ်သန်းဆောက်လုပ်ရသည့် ၁၃ဝဝဝ မီတာအရှည်ရထားလမ်းပိုင်းဖြစ်ပြီး တံတားအောက်ခြေတွင်ပုံမှန်ပြေးဆွဲလျက်ရှိသည့်ရထားလမ်းကို အနှောင့်အယှက်မပြုနိုင်ရန်ထိုသို့ တံတားပိုင်းကိုလွှဲယမ်းတပ်ဆင်သည့်နည်းလမ်းကို အသုံးပြုခြင်းဖြစ်သည်။ ရထားလမ်း၏ စုစုပေါင်းအရှည်မှာ ၃၉၉ ကီလိုမီတာရှိပြီး တစ်နာရီလျင် ၃၅ဝ ကီလိုမီတာအမြန်နှုန်းနှင့်မောင်းနှင်နိုင်မည့်မြန်နှုန်းမြင့်ရထားပြေးဆွဲမည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.