Videos
တရုတ်-ဗြိတိန် နှစ်နိုင်ငံ ဆက်ဆံရေး ရွှေခေတ်ကာလ သို့ ရောက်ရှိအောင် ဆောင်ရွက်နိုင်တော့မည်
ပေကျင်း ၊ အောက်တိုဘာ ၁၉ ရက်(ဆင်ဟွာ)
တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၏ အောက်တိုဘာ ၁၉ ရက်နေ့ မှ ၂၃ ရက်နေ့ အထိ ဗြိတိန် နိုင်ငံ သို့ ချစ်ကြည်ရေး ခရီးစဉ် မှာ ထူးခြားသည့် အစီအစဉ် များစွာ နှင့် လည်ပတ်မှု ပုံစံ မှာလည်း ယခင်က ထက်များစွာ ခြားနားမည် ဖြစ်ကြောင်း ၊ အထူး ချစ်ကြည်ရေး လည်ပတ်မှု ခရီးစဉ်ဟု ခေါ်ဆို နိုင် ကြောင်း ဗြိတိန် နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး လျိုရှောင်မင် ကပြောကြား ခဲ့သည်။
ယခု ခရီးစဉ် မှ နှစ်နိုင်ငံ ဆက်ဆံရေး အား ရွှေခေတ်ကာလ သို့ ရောက်ရှိအောင် ဆောင်ရွက် နိုင်ရန် မျှော်လင့် ထားကြသည်။
ထိုပြင် သံအမတ်ကြီး လျိုရှောင်မင် က ဗြိတိန် နိုင်ငံ မှ သမ္မတ ရှီကျင့်ဖိန် အား ရိုးရာ ကျင်းပ နေကျ ကြိုဆိုပွဲ ပုံစံဖြင့် ကြီးကျယ်ခမ်းနား စွာ ကြိုဆိုသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
တရုတ် နိုင်ငံ ပြည်သူ့တက္ကသိုလ် နိုင်ငံတကာရေးရာ ဌာန ပါမောက္ခ ဝမ်ရိဝေ ကလည်း တရုတ်-ဗြိတိန် နှစ်နိုင်ငံ ဆက်ဆံရေး သည် အပြန်အလှန် အကျိုးပြုသည့် ပမာဏ ထက် မဟာဗျူဟာ ဆက်ဆံရေး နှင့် အပြည်ပြည်ဆိုင်ရာ သက်ရောက်မှု ကြီးမား သည့် ပုံစံ သို့ ရောက်ရှိ နေပြီဖြစ်ကြောင်း ပြောကြား ခဲ့သည်။
တရုတ် နိုင်ငံ စီးပွားရေး ဝန်ကြီးဌာန အတွင်းရေးမှူး ကျန်ကျိ ၏ ပြောကြားချက်အရ ယခု အကြိမ် သမ္မတ ရှီကျင့်ဖိန် ၏ ဗြိတိန် နိုင်ငံ လည်ပတ်ရေး ခရီးစဉ်တွင် ကုန်သွယ်မှု ကဏ္ဍ၌ အောင်မြင်မှု များစွာ ရရှိနိုင်မည် ဖြစ်ကြောင်း ၊ ထို့ပြင် အစိုးရ ခြင်း သဘောတူညီမှု များ ၊ ငွေကြေးဆိုင်ရာ နှင့် စီးပွားရေး လုပ်ငန်း ဆိုင်ရာ စသည့် ကဏ္ဍ အသီးသီး တွင် ပူးပေါင်းဆောင်ရွက်မှု များလည်း ရရှိ နိုင်မည် ဖြစ်ကြောင်း ၊ တရုတ်-ဗြိတိန် နှစ်နိုင်ငံ မှ အမြန်ရထားလမ်း ၊ နျူစွမ်းအင် လျှပ်စစ်ဓာတ်အား ပေးစက်ရုံ ၊ ငွေကြေးဆိုင်ရာ စီမံကိန်း စသည် တို့တွင် နှစ်နိုင်ငံ အပြန်အလှန် ရင်းနှီးမြှုပ်နှံမှု များအား တွန်းအားပေး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
လက်တလော နှစ်ပိုင်းတွင် တရုတ်-ဗြိတိန် နှစ်နိုင်ငံ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု သည် အဆက်မပြတ် တိုးမြင့်လာ ခဲ့ပြီး ၂၀၁၄ ခုနှစ် တွင် နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏ မှာ ၈၀.၈ ဘီလီယံ ရှိခဲ့သည်။ ဤ ပမာဏ မှာ ယခင် နှစ်ထက် ၁၅.၃ ရာခိုင်နှုန်း မြင့်တက် ခဲ့ခြင်း ဖြစ်ပြီး ၅ နှစ်အတွင်း တစ်ဆ ပိုမို မြင့်တက် ရန် ဆောင်ရွက်ရန် ရည်မှန်းချက် အား အကောင်အထည် ဖော်နိုင်ခဲ့ခြင်း ဖြစ်သည်။
ယခု နှစ် မတ်လ တွင်လည်း ဗြိတိန် တော်ဝင် မင်းသား William မှ ရှန်ဟိုင်း မြို့ကို လာရောက် ခဲ့ပြီး ဗြိတိန် ယဉ်ကျေးမှု ပွဲတော် အား လာရောက် ဖွင့်လှစ်ပေး ခဲ့သည်။
တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၏ ဗြိတိန် နိုင်ငံ လည်ပတ်ရေး ခရီးစဉ် တွင် နှစ်နိုင်ငံ ယဉ်ကျေးမှု ဖလှယ်မှု နှင့် ပြည်သူလူထု အကြား ချစ်ကြည်ရေး အတွက် ကောင်းမွန်သည့် အခြေခံ များ ကိုလည်း တည်ဆောက်သွားမည် ဖြစ်ကြောင်းလည်း သိရှိရသည်။(Xinhua)