Connect with us

Videos

ဂန္ဓမာပန်း အမျိုးပေါင်း ၆၀၀ ကျော် ပါဝင်သည့် တရုတ် ဂန္ဓမာပန်းပင် ဂင်းနစ် စံချိန်တင်

ကျဲ့ကျုံး၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)

ဂန္ဓမာပန်း ပေါင်းစုံကို ကိုင်းဆက် ပြုလုပ်ထားသည့် ဂန္ဓမာ ပန်းပင်ကြီးသည် ဂန္ဓမာပန်း မျိုးစိတ် အများဆုံး ပါဝင်သည့် ဂန္ဓမာ ပန်းပင် အဖြစ် အောက်တိုဘာလ ၁၈ ရက် က ကမ္ဘာ့ ဂင်းနစ် စံချိန် ဝင်ခဲ့ကြောင်း သိရှိရသည်။

ဂန္ဓမာ ပန်းပေါင်းစုံ ပါဝင်သည့် အဆိုပါ ပန်းပင်သည် အချင်း ၃.၈ မီတာ ရှိပြီး ဂန္ဓမာပန်း အမျိုးပေါင်း ၆၄၁ မျိုးဖြင့် ကိုင်းဆက် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ၎င်းကို အောက်တိုဘာလ ၁၈ ရက်က ဟိုင်နန်ပြည်နယ်၊ ခိုင်ဖုန်းမြို့ တွင် ဂင်းနစ် ကမ္ဘာ့ စံချိန်အဖြစ် အသိအမှတ် ပြုခဲ့ကြောင်း သိရသည်။
ကမ္ဘာ့ စံချိန်ဂင်းနစ် စာအုပ်၏ ကိုယ်စားလှယ်မှ တရုတ်နိုင်ငံ အလယ်ပိုင်း ဟိုင်နန် ပြည်နယ်၊ ခိုင်ဖုန်းမြို့တွင် ကျင်းပသည့် ဂန္ဓမာပန်း ယဉ်ကျေးမှု ပွဲတော်၌ ကြေညာ ခဲ့ခြင်း ဖြစ်သည်။
ထို ဂန္ဓမာ ပန်းပင်ကို လေးနှစ်ကြာ ပြုစု ပျိုးထောင်ခဲ့ပြီး တစ်ချိန် ပွင့်လျှင် ပန်းပွင့်ပေါင်း ၁,၅၀၀ ကျော် တစ်ပြိုင်နက်တည်း ပွင့်နိုင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.