Connect with us

Videos

တရုတ်-မြန်မာ တိုင်းရင်းဆေး ပညာ ပူးပေါင်းဆောင်ရွက်မှု စင်တာ ဖွင့်လှစ်

မန္တလေး ၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ)

တရုတ်-မြန်မာ တိုင်းရင်းဆေး ပညာ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရန် အတွက် “တရုတ်-မြန်မာ တိုင်းရင်းဆေး ဗဟိုစင်တာ” ဖွင့်ပွဲ အခမ်းအနား နှင့် ဒုတိယ အကြိမ်မြောက် တရုတ် အပ်စိုက် ကုသမှု သင်တန်းဆင်းပွဲ အခမ်းအနား အား သြဂုတ်လ ၂၇ ရက် တွင် မန္တလေးမြို့ ရှိ တိုင်းရင်းဆေး တက္ကသိုလ် တွင် ကျင်းပ ပြုလုပ် ခဲ့ပါသည်။

အခမ်းအနား မစတင်မီ ဧည့်သည်တော်များ က “တရုတ်-မြန်မာ တိုင်းရင်းဆေး ဗဟိုစင်တာ” ဆိုင်းဘုတ် အား ဖွင့်လှစ်ပေး ခဲ့ပြီး ဒုတိယ အကြိမ်မြောက် တရုတ် အပ်စိုက် ကုသမှု သင်တန်းဆင်းပွဲ အခမ်းအနား အား ကျင်းပ ပြုလုပ် ခဲ့ပါသည်။

အခမ်းအနား တွင် ကျန်းမာရေး ဝန်ကြီးဌာန တိုင်းရင်းဆေးပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မိုးဆွေ က အဖွင့်အမှာစကား ပြောကြားရာတွင် “တရုတ်-မြန်မာ တိုင်းရင်းဆေး ဗဟိုစင်တာ” က နှစ်နိုင်ငံ ပူးပေါင်း၍ သုတေသနဆောင်ရွက်ရန် ၊ တိုင်းရင်းဆေး ပညာ သင်ကြားရန် နှင့် ဆေးဝါးကုသမှု ပြုလုပ်နိုင်ရန် အတွက် မျှော်လင့်ကြောင်း ၊ မြန်မာ နိုင်ငံ တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး နှင့် ကုန်ကြမ်းရရှိရေး ကဏ္ဍ တွင် အားနည်းမှုများ ရှိသည့် အတွက် တရုတ် နိုင်ငံ မှ ကူညီဆောင်ရွက်မှု ပြုလုပ်ပေးရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။

မန္တလေးမြို့ အခြေစိုက် တရုတ် နိုင်ငံ ကောင်စစ်ဝန်ရုံး ကောင်စစ်ဝန်ချုပ် မစ္စတာ ဝမ်ကျုံရင်(Mr.Wang Zongying) က “တရုတ်-မြန်မာ တိုင်းရင်းဆေး ဗဟိုစင်တာ” က တရုတ်-မြန်မာ ချစ်ကြည်ရေး ၏ အတူတကွ မျှော်လင့်ချက် တစ်ခု ဖြစ်ပြီး စင်တာ ဖြစ်မြောက်ရေး အတွက် အဘက်ဘက်မှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ခဲ့ကြောင်း ၊ နှစ်နိုင်ငံ ချစ်ကြည်ရေး အောက်တွင် ထူထောင်ခဲ့သည့် စင်တာ မှ တစ်ဆင့်ပူးပေါင်းဆောင်ရွက် မှုများ ပိုမို ပြုလုပ်သွားနိုင်မည်ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ ယူနန် တိုင်းရင်းဆေး တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် မစ္စတာ လီစစ်ဟွေ(Mr.Li Shihui) က “တရုတ်-မြန်မာ တိုင်းရင်းဆေး ဗဟိုစင်တာ” မှ တဆင့် နှစ်နိုင်ငံ တိုင်းရင်းဆေးပညာ ကဏ္ဍ တွင် အပြန်အလှန် လေ့လာသင်ယူ နိုင်မည် ဖြစ်ပြီး အနီးကပ် ပူးပေါင်းဆောင်ရွက်မှုများ ထားရှိကာ နှစ်နိုင်ငံချစ်ကြည်ရေး အား ပိုမိုမြှင့်တင်ပေး နိုင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့နောက် တွင် မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း (မန္တလေး) ဥက္ကဋ္ဌ ဦးပိုမြင့် က စင်တာ ဖွင့်လှစ်ရခြင်း နှင့် ပတ်သက်၍ ဝမ်းမြောက် ဂုဏ်ယူကြောင်း ပြောကြား ခဲ့ပြီး မန္တလေး တိုင်းရင်းဆေး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သိန်းဇော်လင်း က စင်တာ ဖွင့်လှစ်ရခြင်း နှင့် ပတ်သက်၍ ကျေးဇူးတင်စကား ပြောကြား ခဲ့သည်။

ဆက်လက်ပြီးအခမ်းအနား တက်ရောက် ခဲ့ကြသည့် ဧည့်သည်တော်များ က ဒုတိယ အကြိမ်မြောက် တရုတ် အပ်စိုက် ကုသမှု သင်တန်း တက်ရောက်ခဲ့သည့် သင်တန်းသား များအား သင်တန်ဆင်း လက်မှတ် အသီးသီး ပေးအပ် ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.