Connect with us

Videos

တရုတ်-လာအိုရထားလမ်း ဖောက်လုပ်မှုလုပ်ငန်း ပြီးစီးလုနီးပြီ

ပေကျင်း၊ ဖေဖော်ဝါရီ ၂၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် လာအိုနိုင်ငံတို့ကို ချိတ်ဆက်ပြေးဆွဲမည့် ၄၁၄ ကီလိုမီတာ အရှည်ရှိသည့် တရုတ်-လာအိုရထားလမ်းဖောက်လုပ်ရေးလုပ်ငန်းမှာ ၉ဝရာခိုင်နှုန်းနီးပါး ပြီးစီးနေပြီဖြစ်သည်။အဆိုပါ ရထားလမ်းတစ်လျှောက်တွင် အရှည် ၆၂ ကီလိုမီတာရှိသော တံတားများနှင့် အရှည် ၁၉၈ ကီလိုမီတာ ရှိသော ဥမင်လိုဏ်ခေါင်းများလည်း ပါဝင်ကြောင်း သိရသည်။ အဆိုပါရထားလမ်းမှာ တရုတ်နိုင်ငံ က အကောင်အထည်ဖော်ဆောင်လျက်ရှိသည့် ရပ်ဝန်းတစ်ခုလမ်းကြောင်းတစ်ခုစီမံကိန်းတွင်ပါဝင်ပြီး ၂ဝ၁၆ ခုနှစ်က စတင်ဖောက်လုပ်လျက်ရှိရာ ၂ဝ၂၁ ခုနှစ်တွင် စတင်အသုံးပြုနိုင်မည်ဟုသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.