Connect with us

Videos

ထိုင်းနိုင်ငံ က ကပ်ရောဂါဖြစ်ပွားချိန်မှစ၍ တရုတ်နိုင်ငံမှ ကမ္ဘာလှည့်ခရီးသွားအဖွဲ့ကို ပထမဆုံးအသုတ်အဖြစ် လက်ခံ (ရုပ်သံ)

ဘန်ကောက်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံသို့ လာရောက်သော တရုတ်နိုင်ငံမှ ခရီးသွားအုပ်စုသည် ပထမဆုံးအသုတ်အဖြစ် အောက်တိုဘာ ၂၀ ရက် တွင် ဘန်ကောက်လေဆိပ်သို့ ဆိုက်ရောက်လာခဲ့ကြောင်း သိရသည်။

ရှန်ဟိုင်းမှ အထူးခရီးသွားဗီဇာ (STV) ဖြင့် ခရီးသည် ၄၁ ဦးပါဝင်သော ပထမဆုံးကမ္ဘာလှည့်ခရီးသွားအဖွဲ့သည် COVID-19 စတင်ဖြစ်ပွားချိန်မှစ၍ ထိုင်းနိုင်ငံက ပထမဆုံးဆင်းသက်ခွင့်ပြုသည့်ခရီးသွားအဖွဲ့ဖြစ်သည်။

ကွမ်ကျိုးပြည်နယ်မှ လူ ၁၀၀ ပါဝင်သည့် အဖွဲ့က ဒုတိယအသုတ်အနေဖြင့် အောက်တိုဘာ ၂၆ ရက်တွင်လည်းကောင်း၊ ရှန်ဟိုင်းမှ နောက်ထပ်အဖွဲ့ကမူ အောက်တိုဘာ ၂၈ ရက်တွင်လည်းကောင်း လေယာဉ်ဖြင့် ရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။

အထူးဗီဇာအစီအစဉ်အသစ်သည် ထိုင်းနိုင်ငံတွင် ရက်ပေါင်း ၉၀ နေထိုင်ခွင့်ပြုထားပြီး နှစ်ကြိမ်ထပ်မံ သက်တမ်းတိုးကာ ကိုးလခန့်အထိ နေထိုင်နိုင်သည်။

အဆိုပါအစီအစဉ်သည် COVID-19 ကပ်ရောဂါကြောင့် ဆိုးဝါးစွာထိခိုက်လျက်သည့် ထိုင်းခရီးသွားလုပ်ငန်းကို ကယ်တင်ရေးကြိုးပမ်းမှုတစ်ခုအဖြစ် ထိုင်းအစိုးရအဖွဲ့မှ အစောပိုင်းက အတည်ပြုထားခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.