Connect with us

Videos

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် ဟိုက်ဒရိုဂျင်စွမ်းအင်သုံး ဘတ်စ်ကားများ စတင်ပြေးဆွဲ

ကျိလင်၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျိလင်ပြည်နယ် ပိုင်ချန်းမြို့ တွင် ဟိုက်ဒရိုဂျင်စွမ်းအင်သုံး ဘတ်စ်ကား ၁၅ စင်း ကို ပထမဆုံးအဖြစ် စတင် ပြေးဆွဲလျက်ရှိကြောင်းသိရသည်။ အဆိုပါ ဘတ်စ်ကားများကို တရုတ်နိုင်ငံ၏ ထိပ်တန်း မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းစုကြီးဖြစ်သည့် First Automotive Works (FAW) က အလုံးစုံ ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။၎င်းယာဉ်များသည် ကာဗွန်ထုတ်လွှတ်မှု ကင်းစင်ပြီး ဟိုက်ဒရိုဂျင်ဓါတ်ငွေ့ ဖြည့်သွင်းရန် အချိန် ၁၅ မိနစ်သာကြာမြင့်ကြောင်း ၊ အပူချိန် အနုတ် ၃၀ ဒီဂရီ ဆဲလ်စီးရပ် တွင် ပုံမှန်အတိုင်းလည်ပတ်မောင်းနှင်နိုင်ပြီး အမြန်ဆုံးအားဖြင့် တစ်နာရီလျင် ၆၀ ကီလိုမီတာအရှိန်နှုန်းဖြင့် မောင်းနှင်နိုင်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.