Connect with us

Videos

ထိုင်းနိုင်ငံ တောင်ပိုင်းတွင် လှေနှစ်စီး တိမ်းမှောက်မှုမှ ခရီးသည် ၁၃၃ ဦးအနက် အများစုကို ကယ်ဆယ်နိုင်ခဲ့

ဘန်ကောက် ၊ဇူလိုင် ၆ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံတောင်ပိုင်း ပင်လယ်ပြင်တွင် ဇူလိုင်လ ၅ရက်က ရာသီဥတုဆိုးရွားသဖြင့် လှေနှစ်စင်း တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ ည ၈ း၃၀ နာရီအထိ တိမ်းမှောက်ခဲ့သည့် လှေနှစ်စီးပေါ်မှခရီးသည် ၁၃၃ယောက်အနက် အများစုကို ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

သို့သော်ခရီးသည်အားလုံးကို ကယ်ဆယ်နိုင်ခဲ့ခြင်းရှိမရှိကိုမူ ထိုင်းအာဏာပိုင်များက အတည်ပြုပြောဆိုခြင်းမရှိခဲ့ကြောင်း ဆွန်ခလာရှိ တရုတ်ကောင်စစ်ဝန်ချုပ် က ဇူလိုင်လ ၅ ရက်တွင် ပြောဆိုခဲ့သည်။လှေပေါ်တွင် တရုတ်ခရီးသည်အချို့ပါဝင်ကြောင်း၊ ၎င်းတို့ အနက်အများစုမှာ တစ်ရက်တာ အလည်အပတ်သွားရောက်ကြသူများ သို့မဟုတ်တရုတ်ကုမ္ပဏီတစ်ခုမှ ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုများဖြစ်ကြောင်း တရုတ်ကောင်စစ်ဝန်ချုပ် ကပြောသည်။ကယ်ဆယ်နိုင်ခဲ့သူများအနက် လေးဦးမှာ ဒဏ်ရာအနည်းငယ်ရရှိထားသဖြင့် ဆေးရုံတွင် ကုသမှုခံယူနေရကြောင်း တာဝန်ရှိသူက ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.