Connect with us

Videos

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် နှင့် မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ တွေ့ဆုံ

နေပြည်တော် ၊ မေ ၂၇ ရက်(ဆင်ဟွာ)

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည် မေ ၂၆ ရက်တွင် နေပြည်တော်၌ တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံခဲ့မှုများ အပေါ် ၀ အဖွဲ့၏ ပြင်ပ ဆက်ဆံရေး ဌာန အကြီးအကဲ ဦးကျောက်ကော်အမ်းက ဆွေးနွေးမှုများ မရှိဘဲ တစ်ဦး နှင့် တစ်ဦး မိသားစု ကဲ့သို့ပို၍ ရင်းနှီးအောင် သွားတွေ့ခဲ့ခြင်း ဖြစ်ကြောင်း ၊ နောက်ပိုင်းတွင်ဆက်သွယ်ချိတ်ဆက်မှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ ငြိမ်းချမ်းရေး အတွက် အားလုံး ကြိုးပမ်း ဆောင်ရွက်မည် ဆိုပါက တစ်ရက်ရက်တွင် ငြိမ်းချမ်းလာမည်ဟု အပြည့်အ၀ ယုံကြည်ကြောင်း ၊ တပ်မတော် နှင့် ၀ (UWSA)ဆက်ဆံရေး အဆင်ပြေပါကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။

ထို့အတူ TNLA မှ အထွေထွေ အတွင်းရေးမှူး(၂) တာပန်လှ က ယခု တွေ့ဆုံမှုမှာ ရင်းနှီးမှု တည်ဆောက် သည့် အနေအထား ဖြစ်ကြောင်း ၊ ရှေ့ဆက်ပြီး ဆက်လက် ဆွေးနွေးနိုင်ရန် ဆွေးနွေးခဲ့ခြင်းများ ရှိကြောင်း ၊ ယခု နေပြည်တော်သို့လာရောက်သည့် ခရီးစဉ်သည် အကျိုးရှိကြောင်း ၊ ယခု ရောက်ရှိလာခြင်းသည် ဖြစ်ပွားနေသည့် တိုက်ပွဲများအား ရပ်ဆိုင်းနိုင်ရန် မိမိတို့ဘက်မှ ယုံယုံကြည်ကြည်ဖြင့် စတင် ခြေလှမ်း လှမ်းခြင်း ဖြစ်ကြောင်း ၊ မိမိတို့အနေဖြင့် ဆက်လက် ညှိနှိုင်း ဆွေးနွေးနိုင်ရန် မေတ္တာရပ်ခံထားကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မေ ၂၆ ရက် နေ့လည်ပိုင်းတွင် KIO ဒုတိယ ဥက္ကဋ္ဌ အင်ဘန်လ နှင့် ဇနီး အား နေ့လည်စာဖြင့် တည်ခင်း ဧည့်ခံမည် ဖြစ်ပြီး ၀ ၊ မိုင်းလား ၊ KIO/KIA ၊ SSPP နှင့် တွေ့ဆုံခဲ့ပြီးနောက် AA ၊ TNLA ၊ MNDAA တို့နှင့် တွေ့ဆုံခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.