Connect with us

Videos

တရုတ် ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ မြန်မာ့ တပ်မတော်သို့မီးရထား စက်ခေါင်း နှင့် တွဲများ လွှဲပြောင်း ပေးအပ်

၏နေပြည်တော် ၊ မေ ၂၇ ရက်(ဆင်ဟွာ)

တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ မြန်မာ့ တပ်မတော်သို့မီးရထား စက်ခေါင်း ၂ စီး ၊ လူစီးတွဲ ၁၀ တွဲ နှင့် ကုန်တင်တွဲ ၁၀ တွဲတို့အား လွှဲပြောင်းခြင်း အခမ်းအနားအားမေ ၂၆ ရက်တွင် နေပြည်တော် ဘူတာကြီးရှိ အမှတ်(၁) စြင်္ကန်၌ ပြုလုပ်ခဲ့ရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် ပြည်သူ့သမ္မတ နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် ၊ စစ်သံမှူး ရှုန်းဆောင်ဝေ(Xiong Shaowei) နှင့် ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင် တို့အပါအဝင် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် ပြည်သူ့သမ္မတ နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ယခု လွှဲပြောင်းပေးသည့့်မီးရထား စက်ခေါင်း နှင့် တွဲများသည် မြန်မာ့ တပ်မတော် သဘာ၀ ဘေးအန္တရာယ် ကာကွယ်ရန် နှင့် ကယ်ဆယ်ရေး ဆောင်ရွက်ရန် တို့အတွက် လျှင်မြန်စွာ အထောက်အကူ ပြုမည်မှာ သေချာပါကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံသည် အိမ်နီးချင်းကောင်း ၊ အပေါင်းအဖော်ကောင်း ၊ မိတ်ဆွေကောင်း ၊ ဆွေမျိုးပေါက်ဖော်ကောင်း ဖြစ်ကြောင်း ၊ တပ်မတော် နှစ်ရပ်ကြား ဆက်ဆံရေးသည် နှစ်နိုင်ငံ ဆက်ဆံရေး အတွက် အရေးပါသော ကျောရိုး မဏ္ဍိုင် ဖြစ်ပါကြောင်း ၊ တနေ့ထက် တနေ့ခိုင်မာ တိုးတက်လာကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။တရုတ်နိုင်ငံ အနေဖြင့် မြန်မာ့ တပ်မတော် နှင့် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုကို ဖွံ့ဖြိုးတိုးတက်ရန် အလွန် အလေးထားပါကြောင်း ၊ အချိန်ကာလ ကြာရှည်စွာဖြင့် မြန်မာ့ တပ်မတော်ဖွံ့ဖြိုး တိုးတက်ရေး အတွက် တတ်နိုင်သလောက် ကူညီ ထောက်ပံ့ပါကြောင်း သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ထည့်သွင်း ပြောကြားခဲ့သည်။

ထိုနောက် မီးရထားစက်ခေါင်း ၊ တွဲများ နှင့် ပတ်သက်သည့် အထောက်အထား စာရွက်စာတမ်းများအား တရုတ် ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ မြန်မာနိုင်ငံဆိုင်ရာ စစ်သံမှူး ရှုန်းဆောင်ဝေ(Xiong Shaowei)က စစ်ထောက်ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစော သို့လွှဲပြောင်း ပေးအပ်ခဲ့သည်။

စစ်ထောက်ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစောက ကျေးဇူးတင် စကား ပြန်လည် ပြောကြားရာတွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ နှင့် နယ်နိမိတ် အရှည်လျားဆုံး ထိစပ်လျက် ရှိပြီး သမိုင်းကြောင်း တစ်လျှောက် တပ်မတော် ၂ ရပ်ကြား ကောင်းမွန်သည့် အစဉ်အလာ ထိန်းသိမ်း ဆက်ဆံခဲ့သည့်မှာ ယနေ့တိုင် ဖြစ်ကြောင်း ၊ ယခုကဲ့သို့ တရုတ် ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ လွှဲပြောင်း ပေးအပ်လှုဒါန်းခြင်းသည် တပ်မတော် ၂ ရပ်ကြား ချစ်ကြည် ရင်းနှီးမှု၏ ပြယုဂ် ဖြစ်ကြောင်း ၊့ တရုတ် ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ လှူဒါန်းသည့် ရထားတွဲဆိုင်းများသည် မိမိတို့အတွက် များစွာ အထောက်အကူ ပြုပါကြောင်း ပြောကြားခဲ့သည်။

မီးရထားဖြင့် လိုက်ပါ စီးနင်းခဲ့သည့် တပ်မတော် မိသားစုဝင်များက ရထားတွဲ အခြေအနေ ၊ စီးနင်းရမှုများ အပေါ် ကြိုက်နှစ်သက်ကြောင်းများလည်း ပြောကြားကြသည်။ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ မြန်မာ့ တပ်မတော်သို့မီးရထား စက်ခေါင်း ၂ စီး ၊ လူ ၆၈ ဦး ဝင်ဆန့်သော လူစီးတွဲ ၁၀ တွဲ နှင့် ကုန်ပစ္စည်း တန်ချိန် ၃၂ တန် တင်ဆောင်နိုင်သည့် အလုံပိတ် ကုန်တွဲ ၁၀ တို့လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.