Connect with us

Videos

G7 ခေါင်းဆောင်များ အကြမ်းဖက်မှု တိုက်ဖျက်ရေးပူးတွဲ ကြေညာချက်တွင် လက်မှတ်ရေးထိုး

အီတလီ၊ မေ ၂၈ ရက် (ဆင်ဟွာ)

မေလ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် ကျင်းပခဲ့သည့် ၂ဝ၁၇ ခုနှစ် ၏ G7 ခေါင်းဆောင်များအစည်းအဝေးတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် ပူးတွဲ ကြေညာချက် ကို G7 အဖွဲ့ဝင်နိုင်ငံ့ခေါင်းဆောင်များက လက်မှတ်ရေးထိုးခဲ့ကြကြောင်းသိရသည်။

ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ အမေရိကန် နှင့် EU အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များပါဝင်သည့် အဆိုပါ ဆွေးနွေးပွဲတွင်ထိုသို့သဘောတူ လက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်သည်။ ထိုအစည်းအဝေးတွင် အကြမ်းဖက်သမားများက အင်တာနက်ကိုအလွဲသုံးစားလုပ်ကာ အကြမ်းဖက်မှုများကျူးလွန်ခြင်းများကို တိုက်ဖျက်ရန် ကတိပြုခဲ့ကြသည်။ ထို့အပြင် အကြမ်းဖက်သမားတို့၏ ဝင်ငွေများကို ဖြတ်တောက်အရေးယူမှုများပြုလုပ်သွားရန်လည်း ပါဝင်သည်။ ၂ရက်ကြာကျင်းပခဲ့သည့်အဆိုပါ အစည်းအဝေးတွင် ခေါင်းဆောင်များက ဆိုက်ဘာလုံခြုံရေး၊ ရွှေ့ပြောင်းဒုက္ခသည်များအရေး၊ ရာသီဥတုပြောင်းလဲမှုအရေး တို့ကိုလည်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.