Connect with us

Videos

နှစ်လယ် ကျောက်မျက်ရတနာပြပွဲ သို့ ကုန်သည် ၄၂၀၀ ကျော် တက်ရောက်

နေပြည်တော်၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)

နေပြည်တော် သပြေကုန်း မဏိရတနာ ကျောက်မျက်ရတနာ ခန်းမ၌ စက်တင်ဘာ ၁၆ ရက်တွင် စတင် ဖွင့်လှစ်သော ၂၀၁၉ နှစ်လယ် ကျောက်မျက်ရတနာ ပြပွဲသို့ ပြည်တွင်း ပြည်ပမှ ရတနာ ကုမ္ပဏီ ၃,၀၇၀ တို့မှ ရတနာကုန်သည် စုစုပေါင်း ၄,၅၅၈ ဦးတို့ မှတ်ပုံတင်ထားခဲ့ကြပြီး ၄,၂၀၀ ကျော် တက်ရောက်မည်ဟု မြန်မာ့ ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီက ခန့်မှန်းထားသည်။

ရတနာ ကုန်သည်များအနေဖြင့် ကျောက်မျက်အတွဲများကို ဖွင့်ပွဲ စတင်ဖွင့်လှစ်သည့် စက်တင်ဘာ ၁၆ ရက်မှ ၁၈ ရက်အထိ ကြည့်ရှု စစ်ဆေးခြင်း၊ အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချမည့် ကျောက်မျက် အတွဲများအတွက် ဈေးနှုန်း တင်သွင်းလွှာ (Bidding form)များကို တင်ဒါပုံးအတွင်း ထည့်သွင်းခြင်း တို့ ဆောင်ရွက်နိုင်မည် ဖြစ်ပြီး စက်တင်ဘာ ၁၉ ရက် မနက် ၉ း ၀၀ နာရီမှ ညနေ ၅ း ၀၀ နာရီအထိ အခြေခံဈေး ယူရိုငွေ ၅၀၀ နှင့်အထက် တန်ဖိုး သတ်မှတ်သည့် ကျောက်မျက်များကို အိတ်ဖွင့် တင်ဒါ စနစ်ဖြင့် ရောင်းချမည် ဖြစ်သည်။

အလားတူ ကျောက်စိမ်းအတွဲများကိုလည်း စက်တင်ဘာ ၁၆ ရက်မှ ၁၉ ရက်နေ့အထိ ကြည့်ရှု စစ်ဆေးခြင်းနှင့် ဈေးနှုန်း တင်သွင်းလွှာများတင်ဒါပုံးများတွင် ထည့်သွင်းခြင်းတို့ ဆောင်ရွက်ကြပြီး စက်တင်ဘာ ၂၀ ရက်မှ ၂၅ ရက်အထိ အခြေခံဈေး ယူရိုငွေ ၅၀၀၀ နှင့် အထက် သတ်မှတ်သည့် ကျောက်စိမ်း အတွဲများ၊ အခြေခံဈေး ယူရိုငွေ ၁၀၀၀ နှင့် အထက် သတ်မှတ်သည့် အချောထည် ကျောက်စိမ်းတွဲများကို အိတ်ဖွင့် တင်ဒါ စနစ်ဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်းသိရသည်။

ယခုရတနာပြပွဲတွင် ရောင်းချခဲ့သည့် ရတနာများအတွက် နိုင်ငံတော်သို့ပေးသွင်းရမည့် အခွန်အခ များကို မြန်မာ့ ကျောက်မျက်ရတနာ ဥပဒေနှင့် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေတို့နှင့်အညီ ကောက်ခံသွားမည်ဖြစ်ပြီး ဝန်ဆောင်ခမှာ ကျောက်မျက်ရတနာ အရိုင်းများအတွက် သုံးရာခိုင်နှုန်း၊ အချောထည်များအတွက် တစ် ရာခိုင်နှုန်းတို့ဖြစ်ကြောင်း၊ မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲများကို ၁၉၆၄ ခုနှစ်မှ စတင်ကျင်းပခဲ့ရာ ယခု ၂၀၁၉ နှစ်လယ် မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲသည် (၉၅) ကြိမ်မြောက် ကျင်းပသည့် ပြပွြဲဖစ်ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.