Connect with us

Videos

Myanmar International Series 2019 နိုင်ငံတကာကြက်တောင်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များ နှင့် ဆုပေးပွဲများ ကျင်းပ

ရန်ကုန် ၊ စက်တင်ဘာ ၁၆ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ၌ ကျင်းပသော Myanmar International Series 2019 နိုင်ငံတကာကြက်တောင်ပြိုင်ပွဲ နောက်ဆုံးနေ့ ဖြစ်သည့် စက်တင်ဘာ ၁၅ ရက်တွင် ဗိုလ်လု ပွဲစဉ်များ နှင့် ချန်ပီယံဆု ရရှိသည့် အသင်းများအား ဆုပေးအပ် ချီးမြှင့်ခြင်းများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် အင်ဒိုနီးရှား အသင်းက အမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲ ၊ အမျိုးသားနှစ်ယောက်တွဲ ပြိုင်ပွဲတို့တွင် လည်းကောင်း ၊ တရုတ်(တိုင်ပေ)က အမျိုးသား-အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲ ၊ အမျိုးသမီးနှစ်ယောက်တွဲ ပြိုင်ပွဲတို့တွင် လည်းကောင်း ၊အိန္ဒိယ အသင်းက အမျိုးသား တစ်ဦးချင်း ပြိုင်ပွဲတို့တွင် လည်းကောင်း ချန်ပီယံဆုများ အသီးသီး ရရှိခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲတွင် မြန်မာအားကစား သမား သက်ထားသူဇာသည် အမျိုးသမီး တစ်ဦးချင်း ပြိုင်ပွဲတွင် တတိယဆု ရရှိခဲ့ကြောင်း သိရသည်။

ယင်းပြိုင်ပွဲတွင် နိုင်ငံနှင့်ဒေသ ၁၂ ခုမှ အားကစားသမားစုစုပေါင်းအယောက် ၁၃၀ ကျော် ပါဝင် ယှဉ်ပြိုင်ခဲ့ကြပြီး အမျိုးသားတစ်ဦးချင်း၊ အမျိုးသမီးတစ်ဦးချင်း၊ အမျိုးသားနှစ်ယောက်တွဲ၊ အမျိုးသမီးနှစ်ယောက်တွဲ၊ အမျိုးသား-အမျိုးသမီးနှစ်ယောက်တွဲ ပြိုင်ပွဲများကျင်းပခဲ့ကြောင်း သိရသည်။

Myanmar International Series 2019 နိုင်ငံတကာ ကြက်တောင်ရိုက်ပြိုင်ပွဲကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် စက်တင်ဘာ ၁၀ ရက်မှ ၁၅ ရက်အထိ လက်ခံကျင်းပခဲ့ခြင်းဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.