Videos
ပေကျင်းတာ့ရှင်း နိုင်ငံတကာ လေဆိပ်သစ်ကြီးကို စက်တင်ဘာလ ၃ဝ ရက်တွင် အသုံးပြုရန်လျာထား
ပေကျင်း၊ ဇူလိုင် ၂ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံပေကျင်းမြို့တွင် အသစ်ထပ်မံဖွင့်လှစ်လိုက်သည့် ပေကျင်းတာ့ရှင်း နိုင်ငံတကာ လေဆိပ်သစ်ကြီး ကို လာမည့် စက်တင်ဘာလ ၃ဝ ရက်တွင် အသုံးပြုနိုင်ရန်လျာထားသည်။ ၎င်းမှာ တရုတ်နိုင်ငံနှင့် တစ်ကမ္ဘာလုံး အတွက် အဓိက လေကြောင်းအချက်အချာကျသည့်နေရာ တစ်ခုဖြစ်လာမည် ဟုသိရသည်။ လေဆိပ် ဝင်ပေါက်မှာ ကမ္ဘာ့အကြီးဆုံး ဝင်ပေါက်ကြီးဖြစ်ရုံတင်မကဘဲ စိမ်းလမ်းစိုပြေပြီး ပတ်ဝန်းကျင်နှင့် သဟဇာတ ရှိစေရန်ဖန်တီးတည်ဆောက်ထားသည်။ လေဆိပ်၏ အကြီးစားတည်ဆောက်ခြင်း လုပ်ငန်းမှာ ဇွန်လ ၃ဝ ရက်တွင် ပြီးဆုံးကြောင်းကြေညာခဲ့သည်။(Xinhua)
Continue Reading