Connect with us

Videos

မဲခေါင် – လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု သုံးနှစ်ပြည့် အခမ်းအနား ကျင်းပ

နေပြည်တော်၊ မတ်လ ၂၇ ရက်(ဆင်ဟွာ)

မဲခေါင် – လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု သုံးနှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို နေပြည် တော် MICC II တွင် မတ်လ ၂၆ ရက်နေ့က ကျင်းပခဲ့ရာ ဒေသတွင်း ခြောက်နိုင်ငံမှ လူငယ် အနုပညာရှင် များ၏ ပန်းချီများ၊ ဓာတ်ပုံများကိုပါ ထည့်သွင်းပြသခဲ့ပြီး အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်၊ ဒုတိယ ဝန်ကြီး များ၊ အမြဲတမ်းအတွင်းဝန်များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်၊ မဲခေါင် – လန်ချန်း အဖွဲ့ဝင်နိုင်ငံများ ဖြစ်သော ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်တို့မှ သံရုံး အကြီးအကဲများနှင့် သံတမန်များ တက်ရောက်ခဲ့ကြသည်။ ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်က မဲခေါင် – လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်သည် နိုင်ငံရေးနှင့် လုံခြုံရေး၊ လူမှုရေး ယဉ်ကျေးမှုနှင့် ပြည်သူ အချင်းချင်း အပြန်အလှန် ထိတွေ့ဆက်ဆံရေး ဟူသည့် မဏ္ဍိုင် သုံးခုတွင် ဦးစားပေးဆောင်ရွက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာဟုန်လျန်က “တူညီသော မြစ်တစ်စင်းအားဖြင့် ကျွန်ပ်တို့ရဲ့ ချိတ်ဆက်ခဲ့မှုမှ စတင်ခဲ့တဲ့ လန်ချန်း – မဲခေါင် ပူးပေါင်းဆောင်ရွက်မှုဟာ ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အသွင်သစ် ယန္တရားတစ်မျိုး ဖြစ်လာပါတယ်၊ ဒီယန္တရားဟာ မဲခေါင်မြစ် တစ် လျှောက် ရှိ နိုင်ငံ ခြောက်နိုင်ငံတို့ရဲ့ ဘုံလိုအပ်ချက်များကို ချိတ်ဆက်ပေးတဲ့ ယန္တရားလည်း ဖြစ်ပါတယ်ဟု ပြောကြားခဲ့သည်။

၂၀၁၈ တွင် တရုတ်နိုင်ငံနှင့် မဲခေါင်နိုင်ငံများအကြား ကုန်သွယ်ရေးပမာဏသည် အမေရိကန်ဒေါ်လာ ၂၆၁ ဒသမ ၅ ဘီလီယံ အထိရောက်ရှိခဲ့ကြောင်း၊ ပြီး ခဲ့သည့် သုံးနှစ် အတွင်း ကုန်သွယ်မှုပမာဏ ၃၀ ရာခိုင်နှုန်းကျော် တိုးလာခြင်း ဖြစ်ကြောင်း၊ မဲခေါင်နိုင်ငံများတွင် တရုတ်နိုင်ငံ၏ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုပမာဏမှာလည်း အမေရိကန်ဒေါ်လာ ၃၂ ဒသမ ၂ ဘီလီယံသို့ ထိပ်ဆုံးကို ရောက်ခဲ့ကြောင်းနှင့် တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုသည် ပြီးခဲ့သည့် သုံးနှစ်အတွင်း ၆ဝ ရာခိုင်နှုန်းနီးပါး တိုးလာခြင်း ဖြစ်ကြောင်းသံအမတ်ကြီးက ပြောခဲ့သည်။

မဲခေါင်ဒေသတွင်း နိုင်ငံများ အကြားမှာ ဖွံ့ဖြိုး တိုးတက်မှု ကွာဟချက်များ ရှိနေခြင်းကို လျှော့ချ ရေးအတွက် ဒေသတွင်း နိုင်ငံများ ပူးပေါင်း ဆောင်ရွက်ပြီး တစ်စုတစ်စည်းတည်း ရေရှည် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်လျက်ရှိသော မဲခေါင် – လန်ချန်း ပူးပေါင်းဆောင်ရွက် မှုတွင် special fund များ ထား၇ှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ပထမဦးဆုံး အသုတ် မဲခေါင် – လန်ချန်း အထူး ရန်ပုံငွေဖြင့် စီမံကိန်း ၁၀ ခု ကို ဆောင်ရွက်လျက်ရှိကြောင်း၊ ဒုတိယ အသုတ်တွင် စီမံကိန်း ၁၉ ခု ဆောင်ရွက်ခွင့် ရရှိခဲ့ကြောင်း၊ အဆိုပါ စီမံကိန်း ၂၉ ခုတို့အတွက် ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၉ ဒသမ ၇ ဘီလျံ ရရှိထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.