Connect with us

Videos

မြစ်ဝါမြစ် ထဲ တွင် တာဝန်ထမ်းရသည့် ရေကြောင်းစောင့်ကြည့်လေ့လာရေးဝန်ထမ်းများ

ပေကျင်း၊ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း Qianliyan ကျွန်းသည် အရှေ့ပိုင်းကမ်းရိုးတန်းဒေသ မြစ်ဝါမြစ်၏ အလယ်တွင် တည်ရှိပြီး အဆိုပါ ကျွန်းတွင် ရေကြောင်းစောင့်ကြည့်လေ့လာရေး အဆောက်အဦ တစ်ခုကို တည်ဆောက် ထားရှိသည်။ အဆိုပါ အဆောက်အဦတွင် တာဝန်ကျသည့်ဝန်ထမ်းများမှာ နားရက် မရှိဘဲ ဆက်တိုက် စောင့်ကြည့်လေ့လာ ရပြီး တစ်လတစ်ခါ ဝန်ထမ်း၃ ဦးစီ အလှည့်ကျ တာဝန်ထမ်းဆောင်ကြရသည်။

ရေကြောင်းစောင့်ကြည့်လေ့လာသူ Che Haojie “ ဒါက ကျွန်တော် တတိယအကြိမ်တာဝန်ကျတာပါ။ နှစ်သစ်ကူးပွဲတော်ကိုလည်း ဒီမှာပဲ ဖြတ်သန်းရပါတယ်။ကျွန်တော့်ရဲ့မိဘတွေကျွန်တော့်ကို သိပ်လွမ်းနေမယ်ဆိုတာ သိပါတယ်ဗျာ”အဆိုပါကျွန်းသို့ အစားအသောက်များနှင့်လိုအပ်သည်များကို သင်္ဘောဖြင့်သယ်ယူပို့ဆောင်ရပြီး ဝန်ထမ်းများမှာ အဆောက်အဦအတွင်း အချိန်ကုန်ဆုံးရခြင်းဖြစ်သည်။ ၎င်းတို့ စုဆောင်းရရှိထားသည့် အချက်အလက်များမှာ ရေကြောင်းထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်းနှင့် ရာသီဥတု ခန့်မှန်းခြင်းများတွင် အလွန်အရေးပါသည်။

ရေကြောင်းစောင့်ကြည့်လေ့လာသူ Che Haojie က “ ကျွန်တော်တို့ ကောက်ယူရရှိထားတဲ့အချက်အလက် တွေက နောက်နှစ်ပေါင်း ၁ဝ နှစ်၊ နှစ် ၁ဝဝ၊ နှစ် ၁ဝဝဝ ပြီးတော့ နှစ်ပေါင်း ၁ဝဝဝဝ လောက်အထိကို အသုံးဝင်နေမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အလုပ်က အရေးကြီးတယ်လို့ထင်ပါတယ်။ အရမ်းကို အဓိပ္ပါယ်လည်းရှိတာပေါ့ဗျာ” ဟု ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.