Connect with us

Videos

တရုတ်နာမည်ကျော် လူငယ်တေးဂီတ အဖွဲ့ က မြန်မာနိုင်ငံရှိ မိဘမဲ့ ကလေးများအား ချစ်ခြင်းမေတ္တာ ဝေမျှဖျော်ဖြေ

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ဟွမ်းချွင်း လူငယ် သံစုံ တေးဂီတ အဖွဲ့ က ဖေဖော်ဝါရီ ၁၄ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး ၊ တိုက်ကြီး မြို့နယ် ၊ သနပ်ချောင်း အုပ်စု ရှိ YGW ပရဟိတ မိဘမဲ့ကလေးများ စောင့်ရှောက်ရေး နှင့် (တွဲဖက်) ဘုန်းတော်ကြီးသင် ပညာရေးကျောင်း သို့ သွားရောက် ခဲ့ပြီး ကလေးငယ်များ အား အနုပညာဖျော်ဖြေတင်ဆက်မှု နှင့် လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။

ဟွမ်းချွင်း လူငယ် သံစုံ တေးဂီတ အဖွဲ့ က တရုတ် နိုင်ငံ ရိုးရာ နွေဦး နှစ်သစ်ကူး တေးဂီတ ဖျော်ဖြေမှုများ ၊ နိုင်ငံတကာ နှင့် တရုတ် နိုင်ငံ ၏ ဂန္တဝင် တေးဂီတများ၊ တရုတ်-မြန်မာ နှစ်နိုင်ငံ ၏ နာမည်ကျော် တေးသီချင်း များကိုဖျော်ဖြေခဲ့သည့်အပြင် ဝူရှုးဖြင့်လည်း တင်ဆက် ဖျော်ဖြေ ခဲ့ရာ ကလေးငယ်များ ၏ တစ်ခဲနက် နှစ်သက်အားပေးမှုကို ရရှိခဲ့သည်။

တေးဂီတ အဖွဲ့ ခေါင်းဆောင် ဝမ်းရန် (Wang Yang) က တရုတ် နိုင်ငံ ရိုးရာ နွေဦးနှစ်သစ်ကူး ပွဲတော် အချိန်အခါ တွင် မြန်မာ နိုင်ငံ ရှိ ကလေးငယ်များ ပျော်ရွှင်စေရန် လာရောက်ဝေမျှပေးခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ YGW တွင် ကျင်းပ ပြုလုပ်ခဲ့သည့် ၂၀၁၉ “ပျော်ရွှင်မြူးကြွ တရုတ် နှစ်သစ်ကူး တေးဂီတ ပွဲတော်” အား ရန်ကုန် တရုတ် ယဉ်ကျေးမှု စင်တာ နှင့် တရုတ် နိုင်ငံ ဟွမ်းချွင်း လူငယ် သံစုံ တေးဂီတ အဖွဲ့ တို့ က ဦးစီးဆောင်ရွက်ခြင်းဖြစ်ကြောင်း ၊ ဟွမ်းချွင်း လူငယ် သံစုံ တေးဂီတ အဖွဲ့ဝင် များ သည် တရုတ် နိုင်ငံ နှင့် နိုင်ငံတကာ တွင် ဆုတံဆိပ်များ ရရှိထားသည့် လူငယ်များ ဖြစ်ကြပြီး အနုပညာရှင်များစွာ မွေးထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.