Connect with us

Videos

မြန်နှုန်းမြင့်ရထားလမ်းအတွက် ကေဘယ်လ်ကြိုးများ အသုံးပြုသည့် တံတားတည်ဆောက်

ဟီနန်၊ သြဂုတ် ၂၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံအလယ်ပိုင်း ဟီနန်ပြည်နယ်နှင့်နိုင်ငံအနောက်တောင်ပိုင်းကိုဆက်စပ်မည့် မြန်နှုန်းမြင့်ရထားမ ရထားလမ်းသစ်တစ်ခုအတွက် တံတားကြီးတစ်စင်းကို တည်ဆောက်လျက်ရှိသည်။အဆိုပါတံတား၏ ပင်မ တာဝါတိုင်မှာ မီတာ ၉ဝ အမြင့်ရှိပြီး တည်ဆောက်ပြီးစီး ပြီဖြစ်သည်။ ထိုတံတားမှာ အခြား မြန်နှုန်းမြင့်ရထားလမ်းတစ်ခုပေါ်တွင် ဖြတ်သန်း တည်ဆောက် ရသောကြောင့်မူလက ပုံမှန်ပြေးဆွဲနေသည့် ရထားများ၏ ခရီးစဉ်များကိုနှောင့်နှေးမှုမရှိစေရန် အင်ဂျင်နီယာများက မြန်နှုန်းမြင့်ရထားသံလမ်းသစ်များကို မူလမြန်နှုန်းမြင့်ရထားလမ်းနှင့်အပြိုင် တပ်ဆင်တည်ဆောက်လျက်ရှိသည်။ထိုသို့အပြိုင်တပ်ဆင်ပြီးပါက တန်ချိန် ၁၆၅ဝဝ အလေးချိန်ရှိ အဆိုပါသံလမ်းကို မီတာ ၃ဝအမြင့် တံတားပေါ်သို့ ကြိုးများဖြင့် ၁၇ ဒီဂရီခန့် လွှဲယမ်းကာ တပ်ဆင်သွားမည်ဖြစ်သည်။ တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် အကြီးဆုံးရထားလမ်းကွန်ရက်ကို ပိုင်ဆိုင်သည့်နိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.