Connect with us

Videos

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံရုံးမှ ဆောက်လုပ် လှူဒါန်းသည့် သပြေကုန်း ဈေးရုံသစ် ဖွင့်လှစ်

နေပြည်တော် ၊ မေ ၂၇ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံရုံးမှ လှူဒါန်း၍ နေပြည်တော် စည်ပင်သာယာရေး ကော်မတီမှ ထောက်ပံ့ကူညီမှုဖြင့် ပူးပေါင်း ပြုပြင် တည်ဆောက်သည့် နေပြည်တော် ဇမ္ဗူသီရိ မြို့နယ် ၊ သပြေကုန်း(ကုန်စိမ်း ၊ ကုန်ခြောက် ၊ သားငါး)ဈေးရုံ ဖွင့်ပွဲ အခမ်းအနားအား ယနေ့မေ ၂၇ ရက်တွင် ဈေးမျက်နှာစာ၌ ကျင်းပပြုလုပ်ခဲ့သည်။

သပြေကုန်း(ကုန်စိမ်း ၊ ကုန်ခြောက် ၊ သားငါး)ဈေးရုံအား နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင် ၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန် အပါအဝင် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး ဖွင့်ပွဲ အထိမ်းအမှတ် ကမ္ဗည်း ကျောက်စာအား အမွှေးနံသာရည်များဖြင့် ပက်ဖျန်း ပေးခဲ့ကြသည်။ ထိုနောက် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ၊ မြို့တော်ဝန် ဒေါက်တာ မျိုးအောင်ထံသို့တည်ဆောက်ပြီးစီးသည့် သပြေကုန်း(ကုန်စိမ်း ၊ ကုန်ခြောက် ၊ သားငါး)ဈေးရုံသစ် မှတ်တမ်းလွှာအား လွှဲပြောင်း ပေးအပ်ခဲ့သည်။ ထို့အတူ ဈေးရုံသစ်ကြီး အတွင်းရှိ ဆိုင်ခန်းများအား နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး အပါအဝင် တာဝန်ရှိသူများက ဈေးရောင်းချနေမှု အခြေအနေများအား လိုက်လံ ကြည့်ရှုခဲ့ပြီး ဈေးသူ ၊ ဈေးသားများအား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

သပြေကုန်း(ကုန်စိမ်း ၊ ကုန်ခြောက် ၊ သားငါး)ဈေးရုံ တည်ဆောက်ခြင်းအား ၂၀၁၆ ခုနှစ် ၊ ဒီဇင်ဘာလ ၁၅ ရက်တွင် စတင် ဆောင်ရွက်ခဲ့ပြီး ၂၀၁၇ ခုနှစ် မတ်လ ၇ ရက်တွင် လုပ်ငန်းများ ပြီးစီးခဲ့ကာအဆောက်အဦ အမျိုးအစားမှာ Streel Structure ၂ ရုံ ၊ အခန်းပေါင်း ၄၈၀ ခန်း ပါဝင်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.