Connect with us

Videos

ယခု အစိုးရသစ်လက်ထက်တွင် နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၁၃ခုခွင့်ပြုခဲ့ပြီးဖြစ်

ရန်ကုန်၊ သြဂုတ် ၃ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ယခု အစိုးရသစ်လက်ထက်တွင် နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၁၃ ခု ခွင့်ပြုခဲ့ပြီး ၊ရင်းနှီးမြှုပ်နှံမှုပမာဏပေါင်း အမေရိကန်ဒေါ်လာ ၁၂၄.၁၅၆ သန်း ရှိကြောင်း ရင်းနှီးမြှုပ်နှံမှု နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ခွင့်ပြုပေးသည့် လုပ်ငန်း ၁၃ ခုတွင် စက်မှုလုပ်ငန်း ၇ခု၊ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးလုပ်ငန်း ၃ ခုနှင့် အခြားလုပ်ငန်း ၃ခု အားခွင့်ပြုပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ရင်းနှီးမြှုပ်နံှမှုလုပ်ငန်းအား ခွင့်ပြုပေးရာတွင် လုပ်ငန်း၏ စီးပွားရေးတွက်ခြေကိုက်မှု၊ အလုပ်အကိုင်သစ်များ ဖန်တီးပေးနိုင်မှု၊ အမျိုးသားဝင်ငွေ နှင့် အခွန်တိုးတက်ရရှိနိုင်မှု၊ ပြည်တွင်းပြည်ပဈေးကွက် အခြေအနေ ၊ ပြည်တွင်းစားသုံးရန် လိုအပ်ချက် ၊ နည်းပညာဆီလျော်မှု၊ တီထွင်ဆန်းသစ်မှု၊ နည်းပညာလွှဲပြောင်းရရှိမှု ၊ ပတ်ဝန်းကျင်ထိခိုက်မှု နှင့် လူမှုရေးထိခိုက်မှု ထိန်းသိမ်းကာကွယ်ရေးဆောင်ရွက်မှုအစီအမံများတာဝန်ယူမှု ရှိသော ရင်းနှီးမြှုပ်နှံခြင်း နှင့် တည်ဆဲဥပဒေများအား လိုက်နာခြင်း စသည့်အချက်များအား အခြေခံ၍ စိစစ် ခြင်းဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲအရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.