Connect with us

Videos

(၁၈) ကြိမ်မြောက် ဟောင်ကောင် ကာတွန်းရုပ်ပြနှင့် ဂိမ်းပြပွဲကို ဖွင့်လှစ်ခဲ့

ဟောင်ကောင်၊ သြဂုတ် ၃ ရက်(ဆင်ဟွာ)
၁၈ကြိမ်မြောက် ဟောင်ကောင် ကာတွန်းရုပ်ပြနှင့် ဂိမ်းပြပွဲကို hong kong convention and exhibition center တွင် ၅ ရက်တာဖွင့်လှစ်ပြသခဲ့ပြီးဖြစ်သည်။ နောက်ဆုံးပေါ်အီလက်ထရောနစ်အားကစားပစ္စည်းများ၊ ကာတွန်းဇာတ်ကောင်ဖျော်ဖြေမှုများ၊ ကာတွန်းစာအုပ်များကို နှစ်သက်သူများအတွက် အထူးပြသခဲ့ခြင်း ဖြစ်သည်။ စုစုပေါင်း စတုရန်းမီတာ ၂ဝဝဝဝ တို့ကိုအသုံးပြုပြီး ပြခန်းပေါင်း ၆ဝဝ ကျော်ဖြင့် စံချိန်တင် လာရောက်ခင်းကျင်းပြသခဲ့ခြင်းဖြစ်သည်။ ပြပွဲတွင် နောက်ဆုံးပေါ် ကာတွန်းဇာတ်ဆောင်များ အရုပ်များဖြင့် လှပစွာပြသထားသည့်အပြင် အရုပ်များကို လည်းအထူးလျှော့ဈေးများဖြင့်ရောင်းချခဲ့သည်။ ယခုနှစ်တွင် playstation က လည်းပြခန်းအကျယ်အဝန်းထက် ၄၁၈ စတုရန်းမီတာပိုကျယ်ကာ စက်ရုပ်ကားမောင်းပြိုင်ပွဲ ကိုပါပြုလုပ်ပေးထားခဲ့သည်။ လာရောက်ကြည့်ရှုသူကာတွန်းဝါသနာရှင်များကလည်း ပြပွဲတွင်ပြသထားသည့် ရုပ်ရှင်ဇာတ်ကောင်စက်ရုပ်များကို အထူးစိတ်ဝင်စားခဲ့ကြသည်။ ထို့အပြင်ဟောင်ကောင် ၏ သမိုင်းဝင်နေရာ၁၂ နေရာတို့ကို ပုံစံတူပြုလုပ်ရန်အတွက် လီဂိုပညာရှင်များကို ဖိတ်ခေါ်ပြီး လီဂို အတုံးပေါင်း ၁သန်းခန့် အသုံးပြုကာ တန်ဆာဆင်ပြသထားသည်ကိုလည်းမြင်တွေ့နိုင်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.