Connect with us

Videos

ရန်ကုန်မြစ်ဝမှ ရေမိုင် ၂၀ ခန့် ကွာဝေးသည့် ကမ်းလွန် ပင်လယ်ပြင်တွင် ရေကြောင်းပြ အဆောက်အအုံ တည်ဆောက် ဖွင့်လှစ်

ရန်ကုန် ၊ မတ် ၃၀ ရက်(ဆင်ဟွာ)

ရန်ကုန်မြစ်ဝမှ ရေမိုင် ၂၀ ခန့် ကွာဝေးသည့် ကမ်းလွန် ပင်လယ်ပြင် အခြေစိုက် ရေကြောင်းပြ အဆောက်အအုံ (Offshore Fixed Pilot Station) ဖွင့်လှစ်ခြင်း နှင့် လွှဲပြောင်း လက်ခံခြင်း အခမ်းအနားကို ယနေ့မတ် ၃၀ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပ ပြုလုပ် ခဲ့သည်။

အခမ်းအနားတွင် ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်က ယခုကဲ့သို့ ပင်လယ်ပြင် အခြေစိုက် ရေကြောင်းပြ အဆောက်အအုံအား နိုင်ငံတကာ အဆင့်မီ စံချိန်စံညွှန်း အရည်အသွေး ပြည့်ပြည့်ဝဝဖြင့် ပြီးမြောက် အောင်မြင်အောင် တည်ဆောက် နိုင်ခဲ့သည့် အတွက် နိုင်ငံတော် အနေဖြင့် ဂုဏ်ယူကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က တရုတ်-မြန်မာ ပူးပေါင်း ဆောက်လုပ်သည့် အဆိုပါ ရေကြောင်းပြ အဆောက်အအုံသည် မြန်မာနိုင်ငံ နှင့် မြန်မာ ပြည်သူ လူထု၏ ဂုဏ်ယူဖွယ်ရာ ဖြစ်လာပြီး တရုတ်-မြန်မာ ချစ်ကြည် ရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက်မှု၏ စံပြ အောင်မြင်မှု မှတ်တိုင် တစ်ခု ဖြစ်လာမည်ဟု ယုံကြည်ကြောင်း အခမ်းအနားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ရန်ကုန်ဆိပ်ကမ်းသို့ ဝင်ထွက် ဆိုက်ကပ်လျှက် ရှိသော ပင်လယ်ကူး သင်္ဘောများအား မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်မှ ရေကြောင်းပြ လုပ်ငန်းများကို နေ့စဉ် ဝန်ဆောင်မှုပေး ဆောင်ရွက်လျှက် ရှိရာ ယခင်က ရန်ကုန်မြစ်ဝမှ ရေမိုင် ၂၀ ခန့် အကွာအဝေး ပင်လယ်ပြင် တွင် ရေကြောင်းပြ သင်္ဘော တစ်စင်းကို အသုံးပြု ဆောင်ရွက်ခဲ့ရသော်လည်း ယခုအချိန်မှ စတင်ကာ ပင်လယ်ပြင် အခြေစိုက် ရေကြောင်းပြ အဆောက်အအုံကို အသုံးပြု၍ ဆောင်ရွက် ပေးနိုင်ပြီ ဖြစ်ကြောင်း သိရသည်။ ရေကြောင်းပြမှူးကြီးများ အနေဖြင့် ယခင်ကထက် ပိုမိုပြီး လုံခြုံ စိတ်ချ ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် လုပ်ငန်း တာဝန် များကို ဆောင်ရွက်ပေးနိုင်ကြမည့် အပြင် နိုင်ငံတော် အနေဖြင့်လည်း ရေကြောင်းကဏ္ဍတွင် ယခုကဲ့သို့ ခေတ်မီ ကောင်းမွန်သော ရေကြောင်းပြ အဆောက်အအုံ တည်ဆောက်ပေးနိုင်ခဲ့ခြင်းအတွက် ဂုဏ်ယူ နိုင်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်မှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးနီအောင် က မြန်မာ့ ပင်လယ်ပြင်တွင် ခေတ်မီ ရေကြောင်းပြ အဆောက်အအုံ တစ်ခု ဂုဏ်ယူစွာ ပေါ်ထွက်လာသည့် အတွက် ရန်ကုန် ဆိပ်ကမ်းသို့ဝင်ထွက် ဆိုက်ကပ်သည့် ရေယာဉ်ကြီးများကို အချိန်အခါ ရာသီမရွေး မောင်းနှင်ပေးနိုင်ခြင်း အားဖြင့် ဆိပ်ကမ်း လုပ်ငန်းများ သွက်လက် မြန်ဆန်လာမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

China Harbour Engineering Co., Ltd. မှ Vice-President ဖြစ်သူ Mr. Pan Qingjiang က အနာဂတ်တွင်လည်း မြန်မာနိုင်ငံအစိုးရ နှင့် ဒေသခံ လုပ်ငန်းရှင်များ နှင့်အတူ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ပြီး အခြေခံ အဆောက်အဦ (infrastructure industry) မှာ ရင်းနှီးမြှုပ်နှံခြင်း ၊ ဒေသ အချက်အလက်များစုစည်းပေးခြင်း စသည့် နည်းလမ်းများဖြင့် မြန်မာနိုင်ငံ infrastructure industry တွင် ပူးပေါင်းပါဝင်လုပ်ကိုင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကမ်းလွန် ပင်လယ်ပြင် အခြေစိုက် ရေကြောင်းပြ အဆောက်အအုံ တည်ဆောက်ရေး စီမံကိန်းကို ၂၀၁၅ ခုနှစ် နိုဝင်ဘာ လမှ စတင်ကာ နိုင်ငံတကာ တင်ဒါ ခေါ်ယူဆောင်ရွက်ခဲ့ပြီး တင်ဒါအောင်မြင်သည့် China Harbour Engineering Co., Ltd. သည် ၂၀၁၇ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့ကာ ယခုအခါ စီမံကိန်းအား မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သို့ လွှဲပြောင်း ပေးအပ်နိုင်ခဲ့သည်။စီမံကိန်းတန်ဖိုး စုစုပေါင်းကုန်ကျငွေမှာ အမေရိကန်ဒေါ်လာ ၂၀.၉ သန်းဖြစ်ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.