Connect with us

Videos

“အနာဂတ်၏မျိုးဆက်သစ်”မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်သော မှတ်တမ်း ရုပ်ရှင်ပြပွဲ ရန်ကုန်မြို့၌ ကျင်းပ

ရန်ကုန် ၊မတ် ၂၉ ရက်(ဆင်ဟွာ)

မြန်မာ နှင့်တရုတ် လူငယ်များ ပူးပေါင်း ဆောင်ရွက် ဖန်တီးထားသည့် “အနာဂတ်၏မျိုးဆက်သစ်” မြန်မာ-တရုတ်ပူးပေါင်းဆောင်ရွက်သော မှတ်တမ်း ရုပ်ရှင်ပြပွဲအား မတ် ၂၉ ရက် ၌ ရန်ကုန်မြို့ရှိ တရုတ် ယဉ်ကျေးမှုစင်တာ၌ ကျင်းပခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ သံရုံး ယဉ်ကျေးမှု သံမှူး Mr. Tian Shanting က ယခုကဲ့သို့ မြန်မာ နှင့် တရုတ် နှစ်နိုင်ငံ အတူတကွ ပူးပေါင်း လုပ်ဆောင်သော သင်တန်းများမှ တဆင့်နှစ်နိုင်ငံ ပေါက်ဖော် ချစ်ကြည်ရေး အတွက် အကျိုးကျေးဇူးများ ရရှိစေပြီး မြန်မာ့ စီးပွားရေးတိုးတက်စေရေး ၊ ပြည်သူပြည်သားများ ပျော်ရွှင် သာယာစေရေး ၊ နိုင်ငံတော် တောင့်တင်းစေရေးတို့အတွက် အင်အားများ ဖြစ်စေနိုင်လိမ့်မည်ဟု ယုံကြည်မိကြောင်း မှတ်တမ်း ရုပ်ရှင်ပြပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။

ယခုအခမ်းအနားမှာယူနန်တက္ကသိုလ် သတင်းအတတ်ပညာကောလိပ် (တောင်အာရှ၊ အရှေ့တောင်အာရှ နိုင်ငံတကာ ဆက်ဆံရေးကောလိပ်) ၊ မြန်မာနိုင်ငံ ရွှေဇာမဏီ တရုတ် သတင်း ဂျာနယ်တိုက်နှင့် ရန်ကုန် တရုတ်ယဉ်ကျေးမှုစင်တာတို့ အတူတကွ ကြီးမှူးကျင်းပသော မြန်မာနှင့်တရုတ်လူငယ်များ မှတ်တမ်းရုပ်ရှင် ပူးပေါင်းထုတ်လုပ်ရိုက်ကူးသောလက်တွေ့လှုပ်ရှားမှု တစ်ရပ် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့အမျိုးသား ယဉ်ကျေးမှု နှင့် အနုပညာ တက္ကသိုလ် ကျောင်းအုပ်ကြီး ဦးအောင်နိုင်မြင့် က“ဒီကနေ့ကျင်းပတဲ့ Future Communicator ပရောဂျက် ဟာ ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍမှာ တစ်ခု အပါအဝင်ဖြစ်ပါတယ်။”ဟု အခမ်းအနားတွင် ပြောကြားခဲ့သည်။

ပြန်ကြားရေးဝန်ကြီးဌာန ၊ ရုပ်ရှင် မြှင့်တင်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသိန်းနိုင်က ယခုရိုက်ကူးထားသည့် ယူနန် ပြည်နယ် နှင့် ပတ်သက်သည့် မှတ်တမ်း ရုပ်ရှင် ဇာတ်ကားများကိုမြန်မာ ပရိသတ်များ ကြည့်ရှုရင်း တရုတ် နိုင်ငံ ယူနန် ပြည်နယ်၏ ရေမြေ တောတောင် သဘာ၀ ၊လူနေမှု ဘဝများ ၊ ယဉ်ကျေးမှု ၊ ဖွံ့ဖြိုး တိုးတက်မှုများ ၊ တီထွင် ဆန်းသစ်မှုများကို တွေ့မြင် ခံစားကြရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အခမ်းအနားတွင်မြန်မာ လူငယ် ၉ ဦးနှင့် ယူနန် တက္ကသိုလ် သတင်း အတတ်ပညာ ကောလိပ်ကျောင်းသူကျောင်းသားများ အတူတကွပူးပေါင်းပြီး “အရှိန်အဟုန်မြင့်ဖွံ့ဖြိုး တိုးတက်နေသော ယူနန် ပြည်နယ်” ဟူသော ခေါင်းစဉ်အောက်တွင် “ယူနန်ဒေသအလှ” ၊ “ယူနန်ဒေသရောက် မြန်မာ လူငယ်များ”၊“ယူနန်ဒေသတွင် သက်ဝင်ရှင်သန်နေသောသစ်ပင်များ” ၊ “အမြင်အာရုံထဲမှ နည်းပညာ”၊ “သီးပွင့်ဖွံ့ဖြိုးခြင်း”၊ “လဝက်” အစရှိသည့် မှတ်တမ်းရုပ်ရှင် (၆) ကားကို ယူနန် ပြည်နယ် ပန်းထုတ်လုပ် ဖြန့်ဖြူးရေးလုပ်ငန်း၊ ယူနန် တိုင်းရင်းသား ရိုးရာ အဝတ်အစား ယဉ်ကျေးမှု ၊ နည်းပညာ အသစ်နှင့် လူမှု နေထိုင်ရေးစနစ် အစ ရှိသည့်တို့အား မေးမြန်းလေ့လာပြီးရိုက်ကူး ပြသခဲ့သည်။

ယူနန် တက္ကသိုလ်သတင်း အတတ်ပညာကောလိပ် ဒုတိယ ဥက္ကဋ္ဌ Ms.Shan Xiaohong ယူနန်တက္ကသိုလ် သတင်း အတတ်ပညာ ကောလိပ်မှ ဆက်လက်ပြီးအလားတူလှုပ်ရှားမှုများကို ဆောင်ရွက်ပြီး ရပ်ဝန်း တစ်ခု၊ လမ်းကြောင်း တစ်ခုရှိ နိုင်ငံများအတွက်ပိုမိုလုပ်ဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်မိကြောင်း ပြောကြားခဲ့သည်။

ရွှေဇာမဏီဂျာနယ်တိုက်၏ CEO ကိုထူးအောင်က အနာဂတ်တွင် မြန်မာ သတင်း မီဒီယာ သင်တန်းသားများ တရုတ်နိုင်ငံကို နားလည်သိရှိစေရုံသာမက တရုတ် သတင်းမီဒီယာ သင်တန်းသားများလည်း မြန်မာနိုင်ငံကို သိရှိ နားလည်သော အခွင့်အရေးများဖန်တီး ပေးနိုင်ခြင်းဖြင့် မြန်မာနိုင်ငံကို ပိုမို သိရှိ နားလည်ခြင်းအားဖြင့် မြန်မာ ပြည်သူပြည်သားများနှင့် ပိုမို နက်ရှိုင်းသော ချစ်ကြည်ရေးကို တည်ထောင်စေမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပထမဆုံးအကြိမ်“အနာဂတ်၏မျိုးဆက်သစ်ပရောဂျက်” သည် ၁၄ ရက်တာ အချိန်ကြာမြင့်ပြီး မြန်မာနိုင်ငံမှ သင်တန်းသား ၉ ဦးသည် တရုတ်နိုင်ငံ ယူနန်တက္ကသိုလ် သတင်းအတတ်ပညာကောလိပ်သို့ဖိတ်ကြားခံခဲ့ရပြီး ကောလိပ်ရှိ ဆရာဆရာမများ၊ ကျောင်းသူကျောင်းသားများနှင့်အတူတကွ ပူးပေါင်းဆောင်ရွက်ဖန်တီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.