Connect with us

Videos

ရန်ကုန် အပြည်ပြည် ဆိုင်ရာ ကျောက်မျက် ရတနာ နှင့် လက်ဝတ် ရတနာ အချောထည် ပြပွဲ

ရန်ကုန် ၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ)

မြန်မာ့ကျောက်မျက် ရတနာ နှင့် အချောထည် ဈေးကွက် အောင်မြင် စေရန် ရည်ရွယ် ကျင်းပသည့် ရန်ကုန် အပြည်ပြည် ဆိုင်ရာ ကျောက်မျက် ရတနာ နှင့် လက်ဝတ် ရတနာ အချောထည် ပြပွဲ ၂၀၁၈ အား ရန်ကုန်မြို့၊ ပြည်လမ်းရှိ Lotte Hotel ၌ ကျင်းပ ပြုလုပ်လျက် ရှိသည်။

သယံဇာတ နှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းက ကျောက်မျက် ရတနာ နှင့် အချောထည် ဈေးကွက်ကို မြန်မာနိုင်ငံ အတွင်း အောင်မြင်စွာ ဖြစ်ထွန်းစေရန် ၊ မြန်မာနိုင်ငံမှ ထွက်ရှိသော အရည်အသွေးကောင်း ကျောက်မျက် ရတနာများကို ဖော်ထုတ် ပြသနိုင်ပြီး နိုင်ငံခြား ခရီးသွား ဝယ်ယူသူများ ပိုမို ဝင်ရောက် လာစေရန် ၊ မြန်မာနိုင်ငံ၏ ကောင်းမွန် သော ပုံရိပ်များကို နိုင်ငံတကာမှ သိရှိစေရန် အစရှိသည့် ရည်ရွယ်ချက်ကောင်းများ ဖြင့် ယခုပွဲကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက နိုင်ငံတကာမှ မြန်မာနိုင်ငံသို့ ကျောက်မျက် ရတနာ လာရောက်ဝယ်ယူရန် လွယ်ကူသည့်ကျောက်မျက်ဈေးကွက် ဖြစ်ပေါ်လာစေရန် ရန်ကုန်တိုင်း ဒေသကြီး အစိုးရက ပံ့ပိုးကူညီမည် ဖြစ်ကြောင်း ပြပွဲ ဖွင့်ပွဲ အခမ်းအနားတွင် ထည့်သွင်း ပြောကြားခဲ့သည်။ ထို့အတူ ရန်ကုန်တိုင်း ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးသိန်းဝင်းဇော်က ပြပွဲ ဖွင့်ပွဲ အခမ်းအနားတွင် ကျေးဇူးတင် စကား ပြောကြားခဲ့သည်။

ပြပွဲ အား သယံဇာတ နှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဌာန၏ ဦးဆောင် လမ်းညွှန်မှု ၊ မြန်မာနိုင်ငံ ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ အသင်းချုပ်၏ ပံ့ပိုး ကူညီမှု တို့ဖြင့် ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ အသင်း(ရန်ကုန်)မှ ကျင်းပ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ဇန်နဝါရီ ၁၁ ရက်မှ ဇန်နဝါရီ ၁၄ ရက် အထိ ပြသ သွားမည့်အဆိုပါပြပွဲတွင် ပြည်တွင်း ကျောက်မျက် ရတနာ လုပ်ငန်းရှင်များမှ အရောင်း ဆိုင်ခန်းပေါင်း ၁၀၀ ပါဝင် ဖွင့်လှစ်ပြီးထားကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.