Connect with us

Videos

၂ဝ၁၈ ခုနှစ် အီလက်ထရောနစ်ပြပွဲတွင် တရုတ်နိုင်ငံထုတ် မျက်နှာပြင်၂ ဖက်ပါ ခေါက်နိုင်သော စမတ်ဖုန်းအားစိတ်ဝင်စားသူများပြား

လာ့စ်ဗီးဂတ်စ်၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ)

အမေရိကန်ပြည်ထောင်စု လာ့စ်ဗီးဂတ်စ်တွင် ကျင်းပသည့် ၂ဝ၁၈ ခုနှစ် အီလက်ထရောနစ်ပြပွဲတွင် တရုတ်နိုင်ငံ ZTE ကုမ္ပဏီထုတ် မျက်နှာပြင်၂ ဖက်ပါ ခေါက်နိုင်သော စမတ်ဖုန်းမှာ လူကြိုက်များရေပန်းစားခဲ့သည်။ မျက်နှာပြင်အရွယ်အစား ၅.၂ လက်မရှိသည့် ၎င်းစမတ်ဖုန်းအား မျက်နှာပြင်တစ်ခုစီတွင် application တစ်ခုဆီဖွင့်ကာအသုံးပြုနိုင်သည်။ mirror mode ပါဝင်သောကြောင့် screen ၂ ဖက်အား ခေါက်ကာ လူနှစ်ဦး မျက်နှာခြင်းဆိုင် တစ်ပြိုင်နက်ဖုန်းအသုံးပြုနိုင်သည်။ ထိုဖုန်းကို ၂ဝ၁၇ခုနှစ်အောက်တိုဘာလကတည်းက အမေရိကန်ပြည်ထောင်စုတွင်မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။ ဇန်နဝါရီလ ၉ ရက်နေ့မှ ၁၂ ရက်နေ့အထိပြသခဲ့သည့် ပြပွဲတွင် တရုတ်နည်းပညာကုမ္ပဏီပေါင်း ၁၅ဝဝ ခန့်က ပြည်တွင်းဖြစ်နည်းပညာများကိုမိတ်ဆက် ပြသခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.