Connect with us

Videos

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ ဥပဒေပြုကောင်စီအဖွဲ့ဝင်က အလွှာပေါင်းစုံရှိ ပြည်သူများအားလုံး၏ အကျိုးစီးပွားအတွက် ထုတ်ဖော်ပြောဆိုသွားမည်ဟုဆို

ဟောင်ကောင်၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ)

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ၏ သတ္တမအကြိမ်ဥပဒေပြုကောင်စီရွေးကောက်ပွဲ၌ ဥပဒေပြုကောင်စီအဖွဲ့ဝင် ၉၀ ဦး အားလုံးကို ရွေးကောက်တင်မြှောက်ခဲ့သည်။ဒီဇင်ဘာ ၁၉ ရက်တွင် ကျင်းပခဲ့သည့် ဥပဒေပြုကောင်စီရွေးကောက်ပွဲ သည် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ က ရွေးကောက်ပွဲစနစ် တိုးတက်မြှင့်တင်ပြီးချိန်၌ ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့ခြင်းဖြစ်သည်။

ဥပဒေပြုကောင်စီအဖွဲ့ဝင် ဖြစ်ပြီး မျက်စိအထူးကုဆရာဝန်တစ်ယောက်လည်းဖြစ်သည့် Dennis S. C. Lam ဆိုသူက ဆေးဘက်ဆိုင်ရာနဲ့ ကျန်းမာရေး ကဏ္ဍသာမကဘဲ ပြည်သူ အလွှာအသီးသီး၏ အကျိုးစီးပွားအတွက် ထုတ်ဖော်ပြောဆိုသွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

Dennis S. C. Lam က “ကျွန်တော် ဟောင်ကောင်အတွက်တာဝန်ထမ်းဆောင်နိုင်တဲ့ ဒီအခွင့်အရေးကိုရလို့ သိပ်ဝမ်းသာပါတယ်တချိန်တည်းမှာပင် ကျွန်တော့်မှာ တာဝန်ရှိလာပြီလို့ ကြီးကြီးမားမား ခံစားမိပါတယ်ဒါကြောင့် ကျွန်တော်တို့ဟာ ဟောင်ကောင်ဒေသရဲ့အခြေအနေနဲ့ ပြည်မကြီးရဲ့အခြေအနေတွေကို ပိုမိုနားလည်မှ ဖြစ်မှာပါ

ကျွန်တော်တို့ စိန်ခေါ်မှုများစွာရင်ဆိုင်နေရတာဖြစ်ပါတယ်ကျန်းမာရေးကဏ္ဍတင်မဟုတ်ဘဲ အိမ်ခြံမြေကိစ္စ၊ ဆန့်ကျင်ဘက်ပြည်သူတွေကိစ္စနဲ့ လူငယ်များဖွံ့ဖြိုးတိုးတက်ရေးစတဲ့ကိစ္စတွေလိုပေါ့

ကျွန်တော် Greater Bay ဒေသမှာ ၂၀၁၃ ခုနှစ်ကတည်းကအလုပ်လုပ်နေခဲ့တာပါ
ကျွန်တော်ဟာ ကနဦး လုပ်ငန်းစတင်သူတွေထဲကတစ်ယောက်လို့တောင်ပြောနိုင်ပါတယ် နောက်ပြီးကျွန်တော်ဟာ ဒီဒေသမှာ အတူဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ခဲ့ပါတယ်
Greater Bay ဒေသဟာ အနာဂတ်မှာ အလျှင်အမြန် ဖွံ့ဖြိုးတိုးတက်လာဦးမှာပါ ဒီတော့ ဟောင်ကောင်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ တစ်နိုင်ငံလုံးရဲ့ ဖွံ့ဖြိုးတိုးတက်မှုအပါအဝင် Greater Bay ဒေသရဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုအလိုက် အဆင့်မြှင့်တင် ရမှာပါ
ကျွန်တော်ဟာ ဟောင်ကောင်ပြည်သူတွေကို ဒီထက်ပိုမိုပြီး Greater Bay ဒေသ ဖွံ့ဖြိုးတိုးတက်မှုမှာပါဝင်ဖို့ အားပေးတဲ့နေရာမှာ နမူနာတစ်ယောက်အနေနဲ့ တာဝန်ထမ်းဆောင်ဖို့မျှော်လင့်ပါတယ်” ဟု ဆိုသည်။

ကွမ်တုန်း-ဟောင်ကောင်-မကာအို Greater Bay ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူများကိုယ်တိုင် ကြိုးပမ်းအားထုတ်မှုကို တွန်းအားပေးနိုင်ရန်မျှော်လင့်ကြောင်းလည်း ပြောခဲ့သည်။ (Xinhua)

…………………
(English Version)
GLOBALink | HKSAR lawmaker vows to speak out for interests of all walks of life
HONG KONG, Dec. 23 (Xinhua) — All the 90 members of the seventh-term Legislative Council (LegCo) of China’s Hong Kong Special Administrative Region (HKSAR) have been elected.

Sunday’s LegCo election was the first since improvements were made to the HKSAR electoral system.

As an ophthalmologist, Lam says he will speak out for the interests of not only the medical and health sector, but all walks of life.

Lam also says he hopes to encourage more people to devote themselves to the development of the Guangdong-Hong Kong-Macao Greater Bay Area.

Produced by Xinhua Global Service

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.