Connect with us

Videos

အစည်းအဝေးပွဲ နှစ်ခုကို တက်ရောက်သတင်းယူခဲ့သော စက်ရုပ်သတင်းထောက်

ပေကျင်း ၊ မတ် ၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံက နိုင်ငံရေးကဏ္ဍတွင်အရေးကြီးသည့် အစည်းအဝေး ၂ ခု ကို ကျင်းပခဲ့ရာတွင် ကမ္ဘာတစ်ဝန်းလုံးရှိ သတင်းမီဒီယာများစွာက လည်းအထူးအာရုံစိုက်ခဲ့ကြသည်။ သတင်းထောက်ပေါင်း ၃ ထောင်ခန့် ကလည်း ထို အစည်းအဝေးတွင် တက်ရောက်သတင်းယူလျက်ရှိရာ ၎င်းတို့က သတင်း ထောက်လှမ်း ရယူရာတွင် အသုံးပြုသည့် နောက်ဆုံးပေါ် နည်းပညာများ ဖြစ်သည့် VR/AR နှင့် AI နည်းပညာများ နှင့် စက်ကိရိယာများကို ယူဆောင်လာခဲ့ကြသည်။ ထိုအထဲတွင် အမြင့် ၁.၂ မီတာရှိသည့် ဆင်ဟွာသတင်းဋ္ဌာန ၏ စက်ရုပ်သတင်းထောက် ကလည်း သတင်းရယူခဲ့သည်။

အဆိုပါ စက်ရုပ်သတင်းထောက် ကို တရုတ် နည်းပညာကုမ္ပဏီ ၂ ခုမှ ပူးပေါင်းကာဒီဇိုင်းထုတ်လုပ် တပ်ဆင်ထားခြင်းဖြစ်သည်။ အဆိုပါ စက်ရုပ်တွင် အလိုအလျောက် ဘာသာစကားနားလည်ခြင်း နှင့် အသိဉာဏ်တု နည်းပညာများကဲ့သို့သော နည်းပညာများဖြင့် ထည့်သွင်းထားသည်။

၎င်းက အစည်းအဝေး ၂ ခုလုံးတွင် သတင်းအချက်အလက် စုဆောင်းခြင်းတို့ကို ကောင်းမွန်စွာပြုလုပ်နိုင်သည့် အပြင် ၎င်းမှာ ဥပဒေပြု အမတ် များနှင့် ကျွမ်းကျင်သူများစွာတို့အား အင်တာဗျူးပြုလုပ်ခဲ့သည်။

တရုတ်နိုင်ငံ အစိုးရ အနေဖြင့် နိုင်ငံ ၏ အသိဉာဏ်တု နည်းပညာဖွံ့ဖြိုးတိုးတက်မှှု ကဏ္ဍအား များစွာထောက်ပံ့ပေးလျက်ရှိရာ ယခုအခါ စက်ရုပ်များမှာ ကဏ္ဍ များစွာတို့တွင် ဝင်ရောက်နေရာယူလျက်ရှိသည်။ ကုန်ထုတ်လုပ်မှုကဏ္ဍ ၊ သတ္တုတူးဖော်ခြင်းကဏ္ဍ၊ ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍ၊ ပညာရေး ကဏ္ဍ နှင့် မီးငြှိမ်းသတ်ခြင်းကဏ္ဍ နှင့် အစားအသောက်ပြုလုပ်ခြင်းကဏ္ဍ တို့တွင် စက်ရုပ်များဖြင့်တွင်ကျယ်စွာ လည်ပတ်လျက်ရှိသည်။ အပြည်ပြည်ဆိုင်ရာစက်ရုပ်ဖက်ဒရေးရှင်း ၏ အဆိုအရ တရုတ်နိုင်ငံသည် ၂ဝ၁၃ ခုနှစ်ကတည်းက ကမ္ဘာပေါ်တွင် စက်ရုပ် ထုတ်လုပ်အသုံးပြုမှှု အများဆုံးဖြစ်ပြီး ၂ဝ၁၃ ခုနှစ်တွင် စက်ရုပ် ဈေးကွက်တွင် အမေရိကန်ဒေါ်လာ ၈.၅ ဘီလီယံ ရှိခဲ့ပြီး ၂ဝ၁၅ ခုနှစ်အရောက်တွင် အမေရိကန်ဒေါ်လာ ၁၂.၃ဘီလီယံအထိ တိုးတက်လာခဲ့သည်။ ၂ဝ၁၅ ခုနှစ်တစ်နှစ်တည်းတွင်ပင်တရုတ်နိုင်ငံအနေဖြင့် စက်ရုပ် ပေါင်း ၆၈၀၀၀ ကို ပြည်ပသို့ တင်ပို့နိုင်ခဲ့သည်။ ထို့အပြင် ပြီးခဲသည့် ၅ နှစ်အတွင်း တစ်နိုင်ငံလုံးတွင် စက်ရုပ်ထုတ်လုပ်သည့် ကုမ္ပဏီပေါင်း ၃ဝဝဝဝ ခန့် ထွက်ပေါ်လာခဲ့သည်။ လုပ်ငန်းလိုအပ်ချက်များပြားလာမှုနှင့် လုပ်အားခ ဈေးနှုန်းမြင့်တက်လာမှုတို့ကြောင့် တရုတ်နိုင်ငံအနေဖြင့် စက်ရုပ်များဖြင့် လုပ်ငန်းလည်ပတ်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.