Videos
အစိုးရဝန်ကြီး ဌာန ၂၁ ဌာနနှင့် ပြည်ထောင်စု ဝန်ကြီး ၁၈ ဦးသာ ထားရှိရန် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြ
ရန်ကုန်၊ မတ် ၁၇ ရက် (ဆင်ဟွာ)
ရွေးချယ် တင်မြှောက်ခံရသော နိုင်ငံတော် သမ္မတသည် ပြည်ထောင်စု ဝန်ကြီးဌာန ၂၁ ဌာနနှင့် ပြည်ထောင်စု ဝန်ကြီး ၁၈ဦးသာ အစိုးရသစ်တွင် ထားရှိရန် ပြည်ထောင်စု လွှတ်တော်သို့ ယနေ့ တင်ပြလာသည်။
အဆိုပါ တင်ပြချက်အရ ယခင်ဝန်ကြီးဌာန ၃၆ ခုရှိရာ ယခု ဝန်ကြီးဌာန ၂၁ ခုသာ ထားရှိမည် ဖြစ်သည်။
ပြည်ထောင်စု အစိုးရ ဝန်ကြီးဌာန အရေအတွက်နှင့် အမည်စာရင်းကို မတ်လ ၁၈ ရက်နေ့တွင် စတင် ဆွေးနွေးမည် ဖြစ်ပြီး ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များ အနေဖြင့် ယနေ့ ညနေ၌ ပြည်ထောင်စု လွှတ်တော်သို့ စာရင်းပေးသွင်းရမည် ဖြစ်သည်။ (Xinhua)
Continue Reading