Connect with us

Videos

အစ္စရေးသမ္မတ(ဟောင်း) ရှီမွန်ပီရက်စ် လေဖြတ်ဝေဒနာခံစား

စက်တင်ဘာလ ၁၄ ရက် (ဆင်ဟွာ)
အစ္စရေးနိုင်ငံ သမ္မတ(ဟောင်း) ရှီမွန်ပီရက်စ်(Shimon Peres) သည် လေဖြတ်ဝေဒနာခံစားရသဖြင့် စက်တင်ဘာလ ၁၃ ရက် ညနေပိုင်းက ဆေးရုံတင်လိုက်ရကြောင်း ၎င်း၏ ရုံးက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
အစ္စရေးနိုင်ငံ၏ ၉ ယောက်မြောက် သမ္မတကို တဲလ်အဗစ်မြို့အပြင်ဖက်ရှိ Tel Hashomer ဆေးရုံသို့တင်ပို့ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အသက် ၉၃ နှစ်အရွယ် ရှိ ရှီမွန်ပီရက်စ်သည် အစ္စရေးနိုင်ငံ၏ အထင်ရှားဆုံးသမ္မတ တစ်ဦးဖြစ်သည်။
ပီရက်စ်သည် ပြီးခဲ့သော ဇန်နဝါရီလကလည်း ရင်ဘတ်နာကျင်မှုဝေဒနာကြောင့် ဆေးရုံ နှစ်ကြိမ်တက်ခဲ့ရသေးသည်။ ထို့နောက်တွင် နှလုံးခုန်ပုံမှန်မဟုတ်သည့် ရောဂါလက္ခဏာများလည်း ခံစားရခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.