Connect with us

Videos

အပြည်ပြည်ဆိုင်ရာဆိုလာစွမ်းအင် ပြပွဲ ကျင်းပ

လာ့စ်ဗီးဂတ်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)
အမေရိကန်ပြည်ထောင်စု၊ လာ့စ်ဗီးဂတ်တွင် စက်တင်ဘာလ ၁၃ ရက်နေ့က အပြည်ပြည်ဆိုင်ရာ ဆိုလာ စွမ်းအင် ပြပွဲ ၂ဝ၁၆ ကို ကျင်းပခဲ့သည်။ ထောင်ပေါင်းများစွာသော ဆိုလာစွမ်းအင်ကျွမ်းကျင်ပညာရှင်များစွာ လာရောက်ခဲ့သည့် ပွဲ တစ်ပွဲ ဖြစ်ပြီး မြောက်အမေရိကတိုက်တွင် အကြီးဆုံး ပွဲ တစ်ပွဲ ဟု သတ်မှတ် ထားကြသည်။ ထိုပွဲ ကို လာရောက်လေ့လာသူပေါင်း ၁၆ဝဝဝ ကျော်ရှိပြီး ပြပွဲ တွင် ခင်းကျင်းပြသသူပေါင်း ၆ဝဝ ကျော် ပါဝင်ခဲ့ကာ Solar Energy Industries Association (SEIA) နှင့် the Smart Electric Power Alliance (SEPA)တို့ က ပူးပေါင်းစီစဉ်ကျင်းပပေးခြင်းဖြစ်သည်။ ကမ္ဘာ့အကြီးဆုံး အီလက်ထရောနစ် ယာဉ်များထုတ်လုပ်ရေးနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အသုံးပြု သည့် တရုတ်ကားထုတ်လုပ်ရေး လုပ်ငန်း BYD က လည်း ၎င်းတို့ ကုမ္ပဏီ ၏ နောက်ဆုံးထုတ်လုပ်ထားသော ဆိုလာပြားများ၊ စွမ်းအင်သိုလှောင်သည့် စနစ်များကိုလည်း အဆိုပါ ပြပွဲ ၌ ခင်းကျင်းပြသခဲ့ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.