Connect with us

Videos

အနာဂတ် လူသားတို့ လကမ္ဘာဆီပြောင်းရွှေ့နေထိုင်နိုင်ကြတော့မည်လော

ပေကျင်း၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ)

“ရွှေလမှာ ယုံဝပ်လို့ ဆန်ဖွတ်သည့် အဖိုးအို ဟော ကြည့်ပါဆို ဆိုသာဆို ပိုမိုသည့်စကား ကလေးအငိုတိတ်အောင် အရိပ်အယောင်ပြတယ် ဖိုးလနတ်သား” ဆိုသည့် သားချော့တေး ကို မြန်မာ့အသိုက်အဝန်းတွင် ငယ်စဉ်ကတည်းက ကြားဖူးကြမည် ဖြစ်ပါသည်။ ထို့အတူ အနောက်တိုင်းတွင်လည်း လပေါ်တွင် လူတစ်ယောက်ရှိသည်ဟု ပုံပြင်များတွင် ထည့်သွင်းပြောကြားကြပြီး တရုတ်ဒဏ္ဍာရီတွင်တော့ လနတ်သမီးရှိသည်ဟု အယူရှိခဲ့ကြပါသည်။ ကမ္ဘာပေါ်ရှိလူသားများအားလုံးက ကောင်းကင်ထက်တွင် ထိန်ထိန်သာလျက်ရှိသည့် လမင်းကြီးကို ရှေးယခင်ကတည်းက စိတ်ဝင်တစား စူးစမ်းလေ့လာခဲ့ကြသည်ကို အဆိုပါအချက်များအရသိသာစေပါသည်။

ယခင်က လကမ္ဘာသို့အခြေချကာ စူးစမ်းလေ့လာမှုများ ပြုလုပ်ခဲ့ သော်လည်း လကမ္ဘာ၏ လူတို့မမြင်ရသည့် အခြမ်းဆီသို့လေ့လာနိုင်မည့်အခွင့်အရေးကို ယခုအခါ တရုတ်နိုင်ငံက အမိအရဆုပ်ကိုင်နိုင်ခဲ့ပြီဖြစ်ပါသည်။ တရုတ်နိုင်ငံက Chang’e-4 အာကာသယာဉ်ကို ကမ္ဘာမြေပြင်မှ ၄၅၅ဝဝဝ ကီလိုမီတာ အကွာအဝေးရှိ လကမ္ဘာ၏ ယခင် လူတို့မမြင်နိုင်သည့်ဘက်ဆီသို့ အောင်မြင်စွာ ပို့လွှတ်နိုင်ခဲ့ပြီဖြစ်သည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ရှီချန်းအာကာသလွှတ်တင်ရေးစင်တာမှ Chang’e-4 အာကာသယာဉ်ကို ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလ ၈ရက်နေ့တွင် လကမ္ဘာသို့စတင်လွှတ်တင်ခဲ့သည်။ထိုသို့လွှတ်တင်နိုင်ရန် အာကာသစခန်းမှ အင်ဂျင်နီယာများနှင့် ပညာရှင်များက ၂၄ နာရီမနားတမ်း ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။

တရုတ်အာကာသ ကျွမ်းကျင်ပညာရှင်များသည် ကမ္ဘာမြေမှ မမြင်နိုင်သော လကမ္ဘာ၏ အခြားတစ်ဖက်ခြမ်းပေါ်ရှိ South Pole-Aitken ချိုင့်ဝှမ်းဧရိယာအား Chang’e-4 အာကာသယာဉ်အတွက် ဆင်းသက်ရာ နေရာအဖြစ် ရွေးချယ်ခဲ့ကြပြီး ဆင်းသက်ရာတွင် သမားရိုးကျ မျဉ်းကွေးလမ်းကြောင်းအတိုင်း ဆင်းသက်ခဲ့ခြင်းမဟုတ်ဘဲ ဒေါင်လိုက်ပုံစံနီးပါး ဖြင့် ဇန်နဝါရီလ ၃ ရက်နေ့ ပေကျင်းစံတော်ချိန် နံနက် ၁၀း၂၆နာရီတွင် ဆင်းသက်နိုင်ခဲ့ကြောင်း တရုတ်နိုင်ငံ အမျိုးသား အာကာသ ဦးစီးဌာန က ကြေညာခဲ့သည်။

ထိုသို့ဆင်းသက်နိုင်ခြင်းသည် တရုတ်နိုင်ငံ၏ အာကာသလေ့လာရေး ကဏ္ဍတွင်သမိုင်းမှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့ခြင်းဖြစ်ပြီး မကြာတော့မည့်ကာလတွင် လကမ္ဘာပေါ်သို့ လူသားများပြောင်းရွှေ့နေထိုင်မည် ဆိုသည့်အချက်ကို တရုတ်နိုင်ငံ နှင့် တစ်ကမ္ဘာလုံးရှိ သိပ္ပံပညာရှင်များ က chang’e 4 မှ တစ်ဆင့် လေ့လာမှုများလည်းပြုလုပ်လျက်ရှိပြီဖြစ်သည်။

၎င်းလေ့လာမှုများထဲတွင် အာလူး၊ ဂေါ်ဖီ၊ မုန်ညှင်း မျိုးစေ့များပါဝင်သည့် ခွက်များကို ဓါတ်ခွဲခန်းအသေးဖြင့် လကမ္ဘာသို့ သယ်ဆောင်ကာ စမ်းသပ်စိုက်ပျိုးခဲ့သည်။ ထိုစမ်းသပ်မှုမှတစ်ဆင့် လူသားများ လကမ္ဘာပေါ်တွင် အသက်မည်မျှရှည်အောင်နေထိုင်နိုင်မည်ကို ရှာဖွေတွေ့ရှိနိုင်မည်ဆိုသည့် အဓိကကျသည့်လေ့လာမှု အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။

လကမ္ဘာ၏ အခြားတစ်ဖက်ခြမ်းပေါ်တွင် မည်သည့်အရာများကို စိတ်ဝင်စားဖွယ်တွေ့ရှိနိုင်မည်ဆိုသည့် အချက်ကိုလည်း တစ်ကမ္ဘာလုံးက စိတ်ဝင်တစားစောင့်ကြည့်နေကြပြီဖြစ်သည်။ Chang’e-4 အာကာသယာဉ်၏ လကမ္ဘာဆီသို့ ဆင်းသက်သည့်ခရီးစဉ် နှင့်စပ်လျဉ်းကာ ဆင်ဟွာသတင်းဋ္ဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံ မေးမြန်းမှုများ ပါဝင်သည့် Xinhua special အစီအစဉ်ကို တင်ဆက်လိုက်ပါသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.