Connect with us

Videos

Made In Myanmar- ပြည်တွင်းဖြစ်ကို အားပေးပါ ကုန်စည် ပြပွဲ ကျင်းပ

ရန်ကုန် ၊ ဇန်နဝါရီ ၄ ရက်(ဆင်ဟွာ)

မြန်မာ့ ပြည်တွင်း ထုတ်ကုန်များကို ပိုမိုအားပေးသုံးစွဲနိုင်စေရေး ၊ နိုင်ငံတကာ အဆင့်မီ အထိ အရည်အသွေး တိုးမြင့်စေရေး နှင့် ပြည်တွင်း လုပ်ငန်းရှင်များအတွက် ပိုမိုကျယ်ပြန့်သော စီးပွားရေးဗဟုသုတရရှိနိုင်ရန် ရည်ရွယ်၍ “Made In Myanmar – ပြည်တွင်းဖြစ်ကို အားပေးပါ” ကုန်စည် ပြပွဲအား ဇန်နဝါရီ ၄ ရက်မှ စတင်၍ ရန်ကုန်မြို့ရှိ ကန်တော်ကြီး မျှော်စင်ကျွန်း အတွင်း၌ ကျင်းပ ပြုလုပ်လျက်ရှိသည်။

“Made In Myanmar – ပြည်တွင်းဖြစ်ကို အားပေးပါ” ကုန်စည် ပြပွဲတွင် ဆိုင်ခန်းပေါင်း ၁၃၅ ခန်း ပါဝင်ပြီး ပြည်တွင်း ထုတ်ကုန် ပစ္စည်းများ ဖြစ်သည့် စားသောက်ကုန်များ ၊ အဝတ်အထည် နှင့် အလှကုန်များ ၊ တိုင်းရင်း ဆေးဝါး ပစ္စည်းများ ၊ အမှတ်တရ/လက်မှု ပစ္စည်းများ ၊ ဝန်ဆောင်မှု လုပ်ငန်းများ စသဖြင့် အမျိုးအစားပေါင်း ၃၀၀ ခန့်ပါဝင်ကြောင်း သိရသည်။

ထို့အတူ ပြည်တွင်း လုပ်ငန်းရှင်များ လုပ်ငန်း တိုးတက်စေရေး အတွက် Customer Service အပိုင်း ၊ Operation အပိုင်း ၊ Marketing အပိုင်းများတွင် အကြံဉာဏ်ကောင်းများ ရရှိစေရန် အဖွဲ့လိုက် ဆွေးနွေးမှု (Panel Discussion) အစီအစဉ်များလည်း ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ကုန်စည်ပြပွဲတွင် ဖျော်ဖြေရေး အစီအစဉ်များ အဖြစ် မျက်လှည့် နှင့် Game,Quiz အစီအစဉ်များ ၊ မြန်မာ့ ယဉ်ကျေးမှု အကအလှများ ၊ စတူဒီယိုတေးသီချင်းများ ၊ မျက်လှည့် နှင့် လူရွှင်တော် အစီအစဉ်များ ပါဝင်မည့် ဖြစ်ကြောင်း သိရသည်။“Made In Myanmar – ပြည်တွင်းဖြစ်ကို အားပေးပါ” ကုန်စည် ပြပွဲအား ဇန်နဝါရီ ၄ ရက်မှ ၆ ရက် အထိ နေ့စဉ် နံနက် ၁၁ နာရီမှ ည ၁၁ နာရီ အထိ ကန်တော်ကြီး (မျှော်စင်ကျွန်း) ၌ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ပြီး နိုင်ငံ အတွင်း အရည်အသွေး ပြည့်မီသည့် ထုတ်ကုန်များအား တစ်စုတစ်စည်းထဲ မြင်တွေ့စေရေး နှင့် ဂုဏ်ယူစွာ အားပေး ဝယ်ယူနိုင်စေရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.