Connect with us

Videos

အမျိုးသမီး ၃၆ ဦးအပါအဝင် နိုင်ငံရေးအကျဉ်းသား ပေါင်း ၁၉၉ ဦးကို ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပေး

ရန်ကုန်၊ ဧပြီ ၁ဝ ရက် (ဆင်ဟွာ)

နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊နိုင်ငံရေးနှင့် ဆက်နွယ်ပြီး အမှုရင်ဆိုင်နေကြရ သူများကို ဧပြီ လ ၉ ရက်နေ့ တွင် အမှုများမှ ရုပ်သိမ်းပေးခဲ့ကြောင်းသိရသည်။

နောက်ဆုံးရရှိထားသည့် သတင်းများအရ ပဲခူး၊ မကွေး၊ ရန်ကုန် နှင့် မန္တလေးတိုင်းဒေသတို့ရှိ အကျဉ်းထောင်များမှ အကျဉ်းကျခံနေရသူ အမျိုးသမီး ၃၆ ဦးအပါအဝင် နိုင်ငံရေးအကျဉ်းသား ပေါင်း ၁၉၉ ဦးကို ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။
နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊နိုင်ငံရေးနှင့် ဆက်နွယ်ပြီး အမှုရင်ဆိုင်နေကြရ သူများနှင့် အခြား ပြစ်ဒဏ်ကျ အကျဉ်းသားစုစုပေါင်း ၂၁၇၈ ဦးတို့ကို မြန်မာနှစ်သစ်ကူးအခါသမယ အစိုးရသစ်လက်ထက်တွင် ပထမဆုံးအကြိမ်အဖြစ် လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့သည်။
ကျန်ရှိနေသည့် နိုင်ငံရေး အကျဉ်းသားများ၊ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများ၊ နိုင်ငံရေးနှင့် ဆက်နွယ်ပြီး အမှု ရင်ဆိုင်နေရသည့် ကျောင်းသားများ လွတ်မြောက်ရေး အတွက် သြင်္ကန်ရုံးပိတ်ရက်များပြီးနောက် တရားရုံးများပြန်လည်ဖွင့်ချိန်တွင် အမြန်ဆုံး ဆက်လက်လုပ်ဆောင်ပေးမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဧပြီလ (၈) ရက်နေ့ ညနေ၌ ကြေညာချက် ထပ်မံထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.