Connect with us

Videos

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သတင်းစာရှင်းလင်းပွဲကျင်းပ

ရန်ကုန်၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)

၂ဝ၁၅ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနိုင်ရခဲ့လျှင် အဂတိတရား ကင်းစင်သည့် အစိုးရတစ်ရပ် ထူထောင်သွားမည် ဖြစ်ပြီး တွေ့ဆုံ ဆွေးနွေး ဒီမိုကရေစီနည်းကို ဆက်လက် စွဲကိုင်သွားမည် ဖြစ်ကြောင်း အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ကျင်းပပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

“အစိုးရက အဂတိတရား မကင်းရင် စီးပွားရေး သမားတွေကလည်း အဂတိတရား ကင်းမှာ မဟုတ်ပါဘူး၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေး ဖြစ်မယ့် အစိုးရကို ထူထောင်သွားမှာပါ” ဟု ၎င်းက ဆိုသည်။

အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ရွေးကောက်ပွဲ အနိုင်ရခဲ့လျှင် ပါတီက လက်ကိုင် ကျင့်သုံးသည့် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးကိုလည်း လုပ်ဆောင်မည် ဖြစ်ကြောင်း ဆိုသည်။

ဆက်လက်ပြီးတက်ရောက်လာသော သတင်းမီဒီယာများ၏မေးမြန်းမှုများအား NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ယခုလိုဖြေကြားခဲ့သည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် (၅၄) တွင် ယနေ့ နံနက် ၉ နာရီက တစ်နာရီကျော်ကြာ ပြည်တွင်းပြည်ပ မီဒီယာများနှင့် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.