Connect with us

Videos

အရှည်လျားဆုံးစစ်ပွဲ မှတ်တမ်းရုပ်သံ : အပိုင်း (၂) လူ့အခွင့်အရေးများ

ပေကျင်း၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

အမေရိကန်က နှစ် ၂၀ ကြာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် အာဖဂန်နစ္စတန်နိုင်ငံ သည် လက်ရှိကမ္ဘာပေါ်တွင် လူ့အခွင့်အရေးအချိုးဖောက်ခံရဆုံး နေရာတစ်ခုဖြစ်လာခဲ့သည်။

ထို့အပြင် အကြမ်းဖက်မှုများ နှင့် ဘာသာရေးအစွန်းရောက်အဖွဲ့များတိုးပွားရာဒေသတစ်ခုဖြစ်လာခဲ့သည်။ သို့ရာတွင် အမေရိကန်က ၎င်းတို့သည် အာဖဂန်နိုင်ငံသားများအား လွတ်လပ်မှုနှင့် ဒီမိုကရေစီအခွင့်အလမ်းများ ပေးနိုင်သောကြောင့် စစ်ရေးအရကြားဝင်ဖြေရှင်းခဲ့ခြင်းဖြစ်ကြောင်း အခိုင်အမာပြောဆိုခဲ့သည်။

အမေရိကန်က ဖျက်ဆီးလိုက်သည်မှာ လူသားများ၏ အသက်များတင်မကပါဘဲ နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်လည်းပါဝင်ကာ ပြည်သူများ၏ မျိုးဆက်များအထိ သက်ရောက်မှုရှိခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံ၌ အမေရိကန်တို့ ဆင်နွှဲခဲ့သည့် အရှည်လျားဆုံးစစ်ပွဲ မှတ်တမ်းရုပ်သံ ၊ အပိုင်း (၂) ထဲတွင် အမေရိကန်နိုင်ငံဘက်က ချိုးဖောက်ခဲ့သည့် လူ့အခွင့်အရေးများအကြောင်းကို စုစည်းတင်ဆက်ထားသည်။(Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.