Videos
အသက် ၁၆ နှစ်အရွယ် အာမေးနီးယန်းနိုင်ငံသူက ၂ တန်အလေးချိန်ရှိသည့်ကားအားဆံပင်ဖြင့်ဆွဲပြ
ရာရေဗင်၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ)
အာမေးနီးယန်းနိုင်ငံသူအားကစားမယ်တစ်ဦးက ၂ တန်အလေးချိန်ကားကို သူ့ဆံပင်ဖြင့်ဆွဲပြသည့် video ဖိုင်အား အွန်လိုင်းစာမျက်နှာများတွင် စိတ်ဝင်စားမှုမြင့်တက်ခဲ့သည်။
Karine Sargsyan ဆိုသူအသက် ၁၆ နှစ်အရွယ်မိန်းကလေးမှာ အာမေးနီးယားနိုင်ငံရာရေဗင်မြို့တွင် ဆံပင်ဖြင့်၂ တန်အလေးချိန်ရှိသည့်ကား ကို ဆွဲပြနိုင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါမိန်းကလေးသည် လက်ဝှေ့ထိုးခြင်းကိုခုံမင်ပြီး ယခုကဲ့သို့ ခွန်အားများကို သူ့အဖေထံမှ အမွေဆက်ခံခြင်းဖြစ်သည်။သူ့အဖေမှာလည်း လှေများ နှင့်လေယာဉ်များကို ထိုသို့ပင်ဆွဲကာစတန့်ပြလေ့ရှိသူဖြစ်သည်။ (Xinhua)