Connect with us

Videos

အသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အိုများ ယနေ့ ကြိုတင်ဆန္ဒမဲ စတင်ပေး (ရုပ်သံ)

ရန်ကုန်၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)

၂၀၂ဝပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် အသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အိုများ ယနေ့(အောက်တိုဘာ ၂၉ ရက်)တွင် ကြိုတင်ဆန္ဒမဲများ စတင်ပေးနေပြီဖြစ်ကြောင်း သိရသည်။

Stay at Homeမြို့နယ်များတွင် နေထိုင်သည့် အသက်(၆၀)နှစ်အထက် သက်ကြီးရွယ်အိုများအား သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မှ တာဝန်ရှိသူများက အိမ်တိုင်ရာရောက် ကြိုတင်မဲရယူမည်ဖြစ်ပြီး အခြားမြို့နယ်များက သက်ကြီးရွယ်အိုများသည် သက်ဆိုင်ရာ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲရုံးများ၌ သွားရောက်ပြီး ကြိုတင်မဲပေးရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရွေးကော်ပွဲကော်မရှင်ထံမှ သိရသည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်တွင် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများ၌ ရွေးကောက်ပွဲကော်မရှင်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့မှ ညှိနှိုင်းထုတ်ပြန်ထားသော စည်းမျဉ်း၊ စည်းကမ်းများနှင့် ကိုက်ညီစွာ ဆောင်ရွက်နိုင်ရန် လူ(၃၀)ဦးထက်ပိုပြီး စုဝေးခြင်းကို ခွင့်ပြုကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၃၀ နယ် ၊ အမျိုးသား လွှတ်တော် မဲဆန္ဒနယ် ၁၆၈ နယ် ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် မဲဆန္ဒနယ် ၆၄၄ နယ် နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တိုင်းရင်းသား လူမျိုး မဲဆန္ဒနယ်များ ၂၉ နယ်တို့အတွက် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း နှင့် နိုင်ငံရေးပါတီ ၉၁ ခုမှ ကိုယ်စားလှယ်လောင်း စုစုပေါင်း ၅၈၃၁ ဦး ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.