Videos
အသားစားသတ္တဝါများအား ကိုယ်တိုင်အစာကျွေးနိုင်ရန် စီစဉ်ပေးထား
ချုံကျင်း၊ ဒီဇင်ဘာ (၁၃) ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံကျင်း မြူနီစပါယ်ဒေသရှိ တိရစ္ဆာန်ရုံတစ်ရုံတွင် လာရောက်ကြည့်ရှုသူများ ကိုယ်တိုင် အသားစားသတ္တဝါများအား အစာကျွေးနိုင်စေရန်စီစဉ်ပေးထားကြောင်းသိရသည်။ လည်ပတ်သူများသည် တိရစ္ဆာန်များရှိသောနေရာအထိ သွားရောက်နိုင်ပြီး ဝိုင်ယာများအသုံးပြုထားသော အလုံပိတ်အခန်း ရှိ အပေါက်ငယ်မှတစ်ဆင့် ခြင်္သေ့များ၊ ကျားများနှင့် ဝက်ဝံများ အား အစာကျွေးနိုင်သည်။ လည်ပတ်သူ အချို့မှလည်း ကားမှန်တံခါးများ ဖွင့်လှစ်ကာ အစာကျွေးလေ့ရှိကြသည်။ ကားများတွင် ကျည်ကာမှန်များအား တပ်ဆင်ထားသည့်အပြင် alarm စနစ် ပါ ပါဝင်သောကြောင့် သတ္တဝါများ၏ တိုက်ခိုက်ခြင်းခံရပါက ချက်ချင်းအချက်ပြနိုင်ကြောင်းသိရသည်။ (Xinhua)