Connect with us

Videos

အာဂျင်တီးနားတွင်စီးပွားရေးအကြပ်အတည်းကြောင့် ဝန်ကြီးဋ္ဌာနများကို ထက်ဝက်ခန့်လျှော့ချမည်

ဗြူနိုအေးရိစ်၊ စက်တင်ဘာ ၄ ရက်(ဆင်ဟွာ)

အာဂျင်တီးနားနိုင်ငံတွင်စီးပွားရေးအကြပ်အတည်းမှာ အရေးပေါ်အခြေအနေကျရောက်နေသောကြောင့် ဝန်ကြီးဋ္ဌာနများကို ထက်ဝက်ခန့်လျှော့ချမည်ဟု အာဂျင်တီးနားသမ္မတ Mauricio Macri က စက်တင်ဘာလ ၃ ရက်နေ့က ကြေငြာခဲ့သည်။ နိုင်ငံအတွင်း စီးပွားရေးကြပ်တည်းမှုအခြေအနေမှာ အရေးပေါ်အနေအထား ကျရောက်လျက်ရှိပြီဖြစ်သောကြောင့် မိမိအနေဖြင့် ထိုသို့ ဝန်ကြီးဋ္ဌာနများကို ထက်ဝက်ခန့် လျှော့ချ ခြင်းဖြစ်ကြောင်းသူကဆိုသည်။ ပို့ကုန် အခွန်ပမာဏ ကို ယခင်အတိုင်းတိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ပြီးခဲ့သည့်သီတင်းပတ်က အာဂျင်တီးနားပီဆို တန်ဖိုးမှာ အမေရိကန်ဒေါ်လာ၏ ၂၁ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သောကြောင့် ထိုသို့ပြောင်းလဲမှုများပြုလုပ်ခြင်းဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.